DVB Logo
Home
မြန်မာသတင်း
ကွမ်းစားသူ ၁၀ ဦးတွင် ၁ ဦး ခံတွင်းကင်ဆာဖြစ်နိုင်
DVB
·
January 14, 2014
ကွမ်းစားသူ ၁၀ ဦးတွင် ၁ ဦး ခံတွင်းကင်ဆာဖြစ်နိုင်
Donate to DVB

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဆေးသုတေသနဦးစီးဌာနရဲ့ သုတေသန ပြုချက်တွေအရ ကွမ်းထဲမှာ ဆေးထည့်စားသူ ၁၀ ရာခိုင်နှုန်းလောက်ဟာ ခံတွင်းကင်ဆာ ဖြစ်ဖို့ အလားအလာရှိတယ်လို့ သိရပါတယ်။

Betel 1ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)  သုတေသနပညာရှင် ဒေါက်တာကိုကိုဇော်က “ကွမ်းလည်း စားတယ်။ ဆေးလည်း ထည့်စားတဲ့ လူတွေထဲမှာ ဆိုလို့ရှိရင် ၉ ဒဿမ ၆ ရာခိုင်နှုန်း ခံတွင်းကင်ဆာဖြစ်တယ်။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ၁၀ ယောက်မှာ ၁ ယောက်ပေါ့။ ကွမ်းထဲမှာ ဆေးထည့်စားတဲ့သူ ၁၀ ယောက်မှာ ၁ ယောက်လောက်သည် ခံတွင်းကင်ဆာ ဖြစ်နေတာကို သွားတွေ့ရတယ်” လို့ ပြောပါတယ်။

ဒီသုတေသနကို ဆေးသုတေသနဌာန(အောက်မြန်မာပြည်)နဲ့  သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) တို့ ပူးပေါင်းပြီး ဒဂုံအရှေ့ပိုင်းမြို့နယ်ထဲက လူဦးရေ ၅၄၀ ကျော်ကို သုတေသန ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီ သုတေသနပြုချက်အရ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ဟာ ကွမ်းစားနေပြီး အဲဒီ ကွမ်းစားသူတွေထဲက ၈၅ ရာခိုင်နှုန်းဟာ ဆေးထည့်စားလေ့ရှိတယ်လို့ သိရပါတယ်။

ကွမ်းစားတဲ့အခါ ဆေးမထည့်စားသူတွေအနေနဲ့တော့ ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ အလားအလာရှိသူ ၃ ရာခိုင်နှုန်းခန့် ရှိပြီး ကွမ်းမစားသူ ၂၆၀ မှာ ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ အလားအလာရှိသူ ၁ ဦးသာ တွေ့ရပါတယ်။

ဒေါက်တာကိုကိုဇော်က “ကွမ်းမစားတဲ့သူ ထက်စာလို့ရှိရင် ကွမ်းစားတဲ့သူက ၆ ဆလောက် ခံတွင်းကင်ဆာ ပိုဖြစ်နိုင်တယ်။ အဲဒီတော့ ကွမ်းစားတဲ့သူက ဆေးပါ ထည့်စားမယ်ဆိုလို့ ရှိရင် ကွမ်းလုံးဝမစားတဲ့သူနဲ့ ယှဉ်မယ်ဆိုရင် ၂၇ ဆလောက် ခံတွင်းကင်ဆာဖြစ်ဖို့ များတယ်” လို့ ရှင်းပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဆေးရွက်ကြီးပါတဲ့ ကွမ်းစားသူဦးရေဟာ မြန်မာနိုင်ငံမှာ ၅၀ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်ပြီး အိန္ဒိယနိုင်ငံကတော့ ကွမ်းစားသူဦးရေ ၃၀ ရာခိုင်နှုန်းကျော်နဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013