DVB Logo
Home
မြန်မာသတင်း
ရခိုင်ကမ်းလွန် ရေနံလုပ်ကွက် ၄ ခုမှ စစ်ကောင်စီအတွက် တနှစ် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ဝင်ငွေရှာပေးနိုင်
DVB
·
November 22, 2021
ရခိုင်ကမ်းလွန် ရေနံလုပ်ကွက် ၄ ခုမှ စစ်ကောင်စီအတွက် တနှစ် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ဝင်ငွေရှာပေးနိုင်
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေနံလုပ်ကွက် ၄ ခုကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းတိုးချဲ့လုပ်ကိုင်နေပြီး အဲဒီလုပ်ကွက်တွေကနေ ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော်ထိ စစ်ကောင်စီအတွက် ဝင်ငွေ ရှာပေးနိုင်မှာဖြစ်တယ်လို့  ရခိုင်ရေနံစောင့်ကြည့်အဖွဲ့AOW ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။  

ရခိုင်ပြည်နယ်အတွင်း ရေနံလုပ်ကွက်တွေကို  စစ်ကောင်စီနဲ့   နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ တိုးချဲ့လုပ်ကိုင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး   ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ (AOW)က နိုဝင်ဘာလ ၁၉ ရက်က  အစီရင်ခံစာထုတ်ပြန်  သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက ရေနံလုပ်ကွက်တွေကို အမေရိကန်၊ ပြင်သစ်၊ ဂျပန်၊ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံက ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာအနေနဲ့ အရေးယူတာတွေပိုမိုပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ (AOW) ဒါရိုက်တာ ကိုကျော်ခိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက ရေနံလုပ်ကွက်တွေကနေ ရရှိလာတဲ့ ဝင်ငွေတွေကို မြန်မာရေနံလုပ်ငန် MOG ကိုရောက်ရှိပြီး MOG အနေနဲ့ ပြည်ပမှာ ဘဏ်အကောင့်တွေဖွင့်ကာ သိမ်းဆည်းထားတာကြောင့် အဲ့ဒီဘဏ် အကောင့်တွေကိုလည်း ပိတ်ဖို့လိုအပ်မယ်လို့ ဆိုပါတယ်။

မြန်မာရေနံလုပ်ငန်း MOG အနေနဲ့ ရလာတဲ့ ငွေတွေကို စင်ကာပူနိုင်ငံအပါဝင် နိုင်ငံခြားမှာ အပ်နှံထားတဲ့ငွေ ပမာဏဟာ  ၂၀၁၈ ခုနှစ်က ထုတ်ထားတဲ့ EIA ရဲ့စာရင်းတွေအရ ၄ ဒသမ ၆ ဘီလီယံထိရှိထားတယ်လို့ သိရပါတယ်။

ရခိုင်ရေနံစောင့်ကြည့်အဖွဲ့အနေနဲ့လည်း ရေနံလုပ်ကွက်တွေက ရလာတဲ့ နိုင်ငံခြားမှာအပ်နှံထားတဲ့ငွေတွေကို ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပြန်လည်ပေါ်ပေါက်လာတဲ့အထိ သိမ်းဆည်းထားဖို့ တောင်းဆိုတာတွေလည်း ရှိတယ်လို့ ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ (AOW) ဒါရိုက်တာ ကိုကျော်ခိုင်က ပြောပါတယ်။

ခုလိုမျိုး နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ကာ စစ်တပ်ကို ဝင်ငွေရှာပေးနေရင် စစ်အာဏာရှင်ဟာ ဆက်လက်သက်ဆိုးရှည်နေဦးမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးချဲ့လုပ်ကိုင်နေတဲ့ လုပ်ကွက် ၄ ခုရှိပြီး စမ်းသပ်အောင်မြင်ရှာဖွေထားတာ ၃ ခုနဲ့ စမ်းသပ်နေဆဲ ရေနံလုပ်ကွက်ပေါင်း ၆ ခုထိရှိနေတယ်လို့ သိရပါတယ်။

ဥရောပ ပါလီမန်ကတော့ စစ်ကောင်စီအတွက် ဝင်ငွေလမ်းကြောင်းတွေဖြစ်တဲ့ ရေနံ သဘာဝဓာတ်ငွေ လုပ်ငန်းနဲ့ နိုင်ငံပိုင်ဘဏ်လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ အောက်တိုဘာလဆန်းပိုင်းမှာ  ဆုံးဖြတ်ချက် ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013