DVB Logo
Home
မြန်မာသတင်း
အီရတ်တွင် ကားဗုံး ဆက်တိုက်ကွဲ၊ အနည်းဆုံး ၂၅ ဦး သေဆုံး
DVB
·
January 14, 2014
အီရတ်တွင် ကားဗုံး ဆက်တိုက်ကွဲ၊ အနည်းဆုံး ၂၅ ဦး သေဆုံး
Donate to DVB

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့က ကားဗုံးတွေ ဆက်တိုက် ပေါက်ခဲ့ပြီး အနည်းဆုံး လူ ၂၅ ယောက် သေဆုံးသွားပါတယ်။ ရှီးယားအစ္စလာမ်ဂိုဏ်းဝင်တွေ နေထိုင်တဲ့ မြို့နယ်ထဲမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ရဲအဖွဲ့ကပြောပါတယ်။

iraqiအခု အကြမ်းဖက်မှုတွေဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ဘဂ္ဂဒတ်ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကမှ တာဝန်ယူ ကြေညာတာ မရှိပေမယ့် ၀န်ကြီးချုပ် နူးရ် အယ်လ်မာလီကီ ခေါင်းဆောင်တဲ့ အစိုးရကို ချိနဲ့သွားစေဖို့ အယ်ကိုင်းဒါးနဲ့ နွယ်တဲ့ ဆွန်နီအစ္စလာမ်ဂိုဏ်းဝင် အဖွဲ့တွေရဲ့ လက်ချက်လို့ ယူဆကြပါတယ်၊

စီးပွားရေးနယ်မြေတခုအပါအ၀င် နေရာ ၄ ခုမှာ ပေါက်ကွဲမှုအတွင်း လူ ၇၆ ယောက်လည်း ဒဏ်ရာရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ဘဂ္ဂဒတ်မြို့တောင်ပိုင်းမှာ သေနတ်သမားတယောက်က စစ်ဆေးရေးဂိတ်တခုကို ၀င်ပစ်ခဲ့မှုအတွင်းမှာလည်း ရဲ ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်ဟာ အီရတ်မှာ ၂၀၀၈ ခုနှစ် နောက်ပိုင်း အသေအပျောက် အများဆုံးနှစ် ဖြစ်ပြီး လူ ၉ ထောင်နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အီရတ် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဘန်ကီမွန်းက သွေးထွက်သံယိုမှုတွေ ဖြစ်နေတဲ့ အခြေအနေကို စိုးရိမ်တယ်လို့ ပြောပါတယ်။

ဇန်န၀ါရီ ၁ ရက်နေ့ကလည်း ဆွန်န်ီစစ်သွေးကြွတွေဟာ အနောက်ပိုင်းက ဖာလူဂျာနဲ့ ရာမန်ဒီမြို့တွေကို သိမ်းခဲ့ပြီး အစိုးရကို စိန်ခေါ်ပြခဲ့ပါတယ်။

ဇန်န၀ါရီ ၁၃ ရက်နေ့မှာလည်း ဖာလူဂျာမှာ အခြေပြုထားတဲ့ စစ်သွေးကြွတွေက မြို့ပြင်ဘက်က စစ်စခန်းတခုကို မော်တာနဲ့ ပစ်ခတ်ခဲ့လို့ တိုက်ပွဲဖြစ်ခဲ့ပြီး လူ ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရသွားသလို စစ်ဘက်က အသေအပျောက်စာရင်းတော့ မသိရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အီရတ်တွင် ကားဗုံး ဆက်တိုက်ကွဲ၊ အနည်းဆုံး ၂၅ ဦး သေဆုံး