DVB Logo
Home
မြန်မာသတင်း
ထုတ်ဝေနိုင်ခြင်းမရှိသည့် သတင်းစာ ၇ စောင် အစိုးရကို လိုင်စင်ပြန်အပ်
DVB
·
January 14, 2014
ထုတ်ဝေနိုင်ခြင်းမရှိသည့် သတင်းစာ ၇ စောင် အစိုးရကို လိုင်စင်ပြန်အပ်
Donate to DVB

ထုတ်ဝေခွင့်ပြုထားပေမယ့် လက်တွေ့ ထုတ်ဝေနိုင်ခြင်း မရှိတဲ့ သတင်းစာ ၁၂ စောင် ရှိပြီး အဲဒီအထဲက ၇ စောင်ဟာ မထုတ်ဝေတော့ဘူးဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနဆီ လိုင်စင် ပြန်အပ်ထားတယ်လို့ စာနယ်ဇင်းလုပ်ငန်းဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက ပြောပါတယ်။

ဇန်န၀ါရီ ၁၃ ရက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးရုံးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး ပြန်အပ်တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ လိုင်စင် ထုတ်ပေးထားတဲ့ ဒီလှိုင်းသတင်းစာလည်း ပါတယ်လို့ သူက ပြောပြပါတယ်။

လက်ရှိ လိုင်စင်ပြန်အပ်ထားတဲ့ သတင်းစာ ၇ စောင်ကတော့ ဒီလှိုင်း၊ ခေတ်မိုး၊ နောက်ဆုံးရနေ့စဉ်၊ Daily Eleven News၊ မြန်မာနေ့စဉ်၊ ၀ရဇိန်နေ့စဉ်၊ People Net Daily သတင်းစာတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ ကျထားတဲ့ ဒီလှိုင်းသတင်းစာကိုတော့ အရင်းအနှီး ငွေကြေး မလုံလောက်လို့ ထုတ်ဝေခြင်း မပြုတာလို့ အန်အယ်လ်ဒီပါတီရဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

လက်ရှိ ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ သတင်းစာ စုစုပေါင်း ၁၈ စောင်ရှိသွားပြီ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013