DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် အလွတ်တန်းသတင်းထောက် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
November 22, 2021
အင်းတော်မြို့နယ်တွင် အလွတ်တန်းသတင်းထောက် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာက အလွတ်တန်းသတင်းထောက် အမျိုးသမီး တစ်ယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅ ရက် ကြာတဲ့အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သတင်းနဲ့ ဆောင်းပါးတွေရေးသားနေတဲ့ အလွတ်တန်းသတင်းထောက် မယဉ်ယဉ်သိန်း (နဘား)ကို နိုဝင်ဘာ ၁၈ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ယနေ့အထိ အဆက်အသွယ်မရသေးဘူးလို့လည်း သိရပါတယ်။

"ည ၁၁ နာရီလောက် အိမ်ရှေ့ကို အိမ်စီးကား ရဲကားတွေ ရောက်လာတယ်။ တံခါးတွေ အတင်းဖွင့်ပြီး မိသားစုကိုလည်း ရိုက်နှက်သွားတယ်။ မယဉ်ယဉ်သိန်းကိုလည်း ဖမ်းသွားတယ်။ ခုချိန်ထိ ဘယ်မှာ ဖမ်းထားလည်းဆိုတာ မသိရသေးဘူး" လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အလွတ်တန်းသတင်းထောက် မယဉ်ယဉ်သိန်း အဖမ်းခံရတာဟာ စစ်ကောင်စီသတင်းပေး ဒလန် ကြောင့်  အဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သတင်းထောက်တွေ ၁၀၀ လောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့  လက်ရှိ အကျဉ်းထောင်တွေထဲမှာ အနည်းဆုံး သတင်းထောက် အယောက် ၂၀ လောက်ကျန်ရှိနေဆဲဖြစ်ပါတယ်။

အကျဉ်းထောင်က ပြန်လွတ်လာသူတွေကို ပြန်လည်ဖမ်းဆီးတာရှိသလို  တချို့နယ်တွေမှာ သတင်းထောက်ဟောင်း တွေကိုလည်း လိုက်လံဖမ်းဆီးတာတွေလည်းရှိပါတယ်။ 

အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ  မီးရထားရဲစခန်းကို ဒေသခံ PDF အဖွဲ့က  နိုဝင်ဘာ ၁၃ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်းခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013