DVB Logo
Home
မြန်မာသတင်း
ဂီတအကယ်ဒမီပေးပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမည်
DVB
·
January 14, 2014
ဂီတအကယ်ဒမီပေးပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမည်
Donate to DVB

မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီဆု ပေးအပ်သလို မြန်မာဂီတလောကမှာလည်း  ဂီတအကယ်ဒမီဆုကို ဒီနှစ်အတွင်း ချီးမြှင့်နိုင်အောင် ဂီတအစည်းအရုံးက ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

263959_10151038570527076_491673908_n copyဂီတအကယ်ဒမီ ဆုပေးပွဲကို မြန်မာနိုင်ငံရဲ့ဂီတနေ့ ဖြစ်တဲ့ ဇွန် ၂၁ ရက်နေ့အမီ ကျင်းပနိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ဂီတပညာရှင်တွေကို ဂီတဆု ချီးမြှင့်တဲ့ City FM နဲ့ ရွှေ FM စတဲ့ ပြင်ပဆု ချီးမြှင့်တာတွေ ရှိပေမယ့် ဂီတအစည်းအရုံးအနေနဲ့ ချီးမြှင့်တာမျိုး မရှိခဲ့တဲ့အတွက် ခုလို ဂီတအကယ်ဒမီ ဆုချီးမြှင့်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ  ၁၀ ရက်နေ့တုန်းက ဂီတအစည်းအရုံးမှာ ကျင်းပတဲ့ အစည်းအဝေးကနေ   ဇွန် ၂၁ ရက်နေ့ မြန်မာနိုင်ငံရဲ့ ဂီတနေ့မှာ ဂီတအကယ်ဒမီ ဆုပေးပွဲ လုပ်ဖို့ ပဏာမ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။

ဂီတဆု ချီးမြှင့်မှုတွေနဲ့ ပွဲနာမည်တွေအပြင် တခြားလိုအပ်ချက်တွေလည်း ဖြည့်ဖို့အတွက် ကော်မတီတခု ဖွဲ့ပြီင်္း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဂီတအစည်းအရုံးက ပြောပါတယ်။ ဒီ ဂီတအကယ်ဒမီပေးပွဲကို ဂီတအနုပညာရှင်တွေရဲ့ ဆန္ဒအရ ပြုလုပ်တာလို့ ဆိုပါတယ်။

ဆုချီးမြှင့်ရတဲ့ ရည်ရွယ်ချက်ကို ဂီတအစည်းအရုံးရဲ့ ဥက္ကဋ္ဌ တေးရေးဆရာ မြင့်မိုးအောင်က “ဂီတဆုတွေက တခြားနေရာတွေမှာလည်း ပေးတယ်။ ပေးတဲ့နေရာမှာ ဘောင်ကျဉ်းနေတယ်။ အက်ဖ်အမ်တခုတည်းမှာ ထုတ်လွှင့်တာကို ပေးတာ ဖြစ်နေတယ်။ ဆုလာမယူတဲ့သူတွေကို မပေးတာမျိုးလည်း ရှိတယ်။ ကိုလေးဖြူတို့အုပ်စုတွေ ဆုမယူဘူးဆိုရင် အဲဆုကို ကိုလေးဖြူတို့ကို မပေးတော့ဘူး။ အမှားအမှန်လည်း မသိကြတဲ့နေရာတွေ ရှိတယ်။ ဒါကြောင့် ဂီတအစည်းအရုံးက ပိုပြီး ခိုင်ခိုင်လုံလုံရှိမယ့် တခုကို ပေးဖို့ ကြိုးစားတာပါ” လို့ ပြောပါတယ်။

ဆုအမျိုးအစားတွေကို  ဘယ်လို ရွေးချယ်သင့်တယ် ဆိုတာတွေကိုတော့ ဆက်လက် ဆွေးနွေးကြရဦးမယ်လို့ ပြောပါတယ်။ ဂီတအကယ်ဒမီဆုတွေ ပေးဖို့ ဂီတအစည်းအရုံးမှာ ပဏာမ သဘောတူညီမှု ရခဲ့တယ်ဆိုပေမယ့် ဂီတသမားအများအပြား ပါဝင်တဲ့ အစည်းအဝေး တခု လုပ်ပြီး သဘောတူညီချက်တွေ ယူသွားမယ်လို့ ဆိုပါတယ်။

ဒီ ဂီတအကယ်ဒမီဆု ပေါ်ပေါက်ရေး ကြိုးပမ်းမှုအပေါ် တေးရေးဆရာ ရွှေဂျော်ဂျော်က ကြိုဆိုလိုက်ပြီး သူအမြင်ကို ခုလို အကြံပြု ပြောဆိုပါတယ်။

“မလေ့လာဘဲ လုပ်ရင် တလွဲတွေ ဖြစ်နေမှာပါ။ လေ့လာပြီး ကိုယ့်ရေမြေသဘာဝနဲ့ ကိုက်ညီရေးပေါ့။ အဲလိုမျိုးဆိုရင် ဘယ်သူလုပ်လုပ် ကောင်းလာမှာပဲ။ အခု ဂီတ အကယ်ဒမီဆိုရင် ဂီတလောကသားတွေက ခုံခုံမင်မင် ရှိတာပဲ။ ရုပ်ရှင်အကယ်ဒမီကို မက်မောကြသလိုမျိုး ဂီတဘက်ကလည်း အဲဒီဆုကို မက်မောကြမှာပဲ။”

ဂီတအကယ်ဒမီဆု ပေါ်ပေါက်လာအောင် ရှေးဦးအကြံပြုသူတဦး ဖြစ်တဲ့ အောင်မြင်တဲ့ တေးရေနဲ့ တေးဆို ဆောင်းဦးလှိုင်ကလည်း ဂီတ အကယ်ဒမီဆု ရွေးချယ်မှုအပိုင်းမှာ မျှတမှုကို  အထူး အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားပါတယ်။

“သမာသမတ်ကျတဲ့ ဆုပေးပွဲကြီး ဂီတအတွက် လိုအပ်နေတယ်။ အက်ဖ်အမ်လိုင်းတွေက ပေးတဲ့ဆုတွေက သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ အခုလို ပေးမယ်ဆိုရင် ကျနော်တို့ ထောက်ခံတယ်။ သမာသမတ်ကျဖို့ အများကြီး လိုအပ်လိမ့်မယ်။ ကျဖို့လည်း ကြိုးစားကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အားလုံးတော့ လက်ခံချင်မှ လက်ခံနိုင်မယ်၊ တော်တော်များများ လက်ခံနိုင်တဲ့ အတိုင်းအတာရောက်အောင် ဂီတအစည်းအရုံးက သမာသမတ်ကျကျနဲ့ ကြိုးစားသင့်ပါတယ်။ အများစုလက်ခံမယ်ဆိုရင်တော့ အိုကေပါတယ်။”
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013