DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၈ ပြင်ဆင်ရေး လွှတ်တော်တွင် တာဝန်ရှိ
DVB
·
January 13, 2014
ပုဒ်မ ၁၈  ပြင်ဆင်ရေး လွှတ်တော်တွင် တာဝန်ရှိ
Donate to DVB

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေတွေကို လွှတ်တော်က ပြင်ဆင်ရင် လက်ခံမယ်လို့ ဒီကနေ့ ပြန်လည်ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ  ပြည်ထဲရေးဝန်ကြီှးဌာနက လာရောက်ရှင်းလင်းပြောကြားသွားပါတယ်။

IMG_2780 copyဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ဇင်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်မှု ပုဒ်မ ၁၈ အပါအ၀င်  နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး  မေးမြန်းရာမှာ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး  ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လာရောက်ရှင်း လင်းပြောကြားသွားတာပါ။

 ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်က “ပုဒ်မ ၁၈ က တော်တော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလေ၊ သူတို့က ခွင့်မပြုဘူး။ တော်ကြာဖမ်းလိုက်၊ တော်ကြာ ဒဏ်ငွေတွေရိုက်လိုက်၊ တော်ကြာပြန်လွှတ်ပေးလိုက်။ ပြီးတော့ သူတို့ရဲ့တာဝန် ယူမှု တာဝန်ခံမှု အားနည်းမှုကြောင့် အဲဒီလို ပြသနာတွေက ဖြစ်နေတာဗျ။ ဥပဒေတွေကတော့ ခွင့်ပြုထားပါလျက်နဲ့ စခန်းမှူး တယောက်ကနေပြီးတော့ ခွင့်ပြုမိန့်ပေးခြင်းမပေးခြင်းဆိုတာ ဥပဒေရဲ့အပေါ်မှာ စခန်းမှူးတယောက်တော့ ရောက်နေတယ်လို့ ယူဆတယ်။ ဒါ့ကြောင့် ပါမစ်ကို မတောင်းတော့ဘဲနဲ့  ၂၄ နာရီအတွင်း မှတ်ပုံတင်ပြီးဆန္ဒပြခွင့်ကိုပြုသင့်တယ်။ ဒါမှသာလျှင် ပုဒ်မ (၁၈) ဟာ ဣနြေ္ဒရှိမယ်၊ သိက္ခာရှိမယ် အဲသလို ကျနော်ဒုတိယမေးခွန်းကို မေးလိုက်တာ သူက အဲဒါကို သဘောတူပါတယ်။ ဥပေဒေပိုင်းဆိုင်ရာဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ ပြင်ဆင်ပေးရမှာဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုပဲခံယူမယ် ပြောတာကိုးဗျ။ အဲဒါကတော့ ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ လွှတ်တော်က တာဝန်ရှိတာပဲလေ” လို့ ပြောပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေအရ လျောက်ထားချက်တွေကို   အချိန်နှင့် တစ်ပြေးညီ ခွင့်ပြုမိန့် ချပေးနေတယ်လို့လည်း ပြည်ထဲရေးဒုဝန်ကြီးက ဖြေကြားသွားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပေးထားပြီး ဖြစ်ပေမယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပြည်ထဲရေးဌာနလက်အောက်ခံ ရဲစခန်းတွေက   ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှုနဲ့ ဖမ်းဆီးအရေးယူ ထောင်ချနေတာပါ။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူကတော့  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးအနေနဲ့ တိတိကျကျ ဖြေကြားနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

“အမေးကိုတော့ သူ ပြတ်ပြတ်သားသား မဖြေနိုင်တဲ့အနေအထားပါ။ နိုင်ငံသားတွေဟာ အခြေခံဥပဒေပါ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ၊ အခြေခံဥပဒေကို အသုံးပြုတဲ့နေရာမှာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် အပြစ်ပေးခံနေရတယ်၊ အရေးယူခံနေရတယ်ဆိုတာကို ပုဂ္ဂိုလ်တဦးတယောက်၊ တဖွဲ့တအုပ်စုကြောင့် ကန့်သတ်ခံနေရတယ်၊ ထိန်းသိမ်းခံနေရတယ်။ အခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခံနေရတဲ့ကိစ္စ မေးတဲ့နေရာမှာ ခွင့်ပြုမိန့်ကို အချိန်နဲ့ တပြေးညီ မပေးတဲ့ကိစ္စတွေကို အကြောင်းပြတယ်။ ရဲမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုချက်မပေးဘဲနဲ့ ငြင်းပယ်တာတွေ၊ လူစည်ကားတာတို့၊ လူကြီး ခရီးစဉ်ရှိတာတို့၊ စတဲ့အကြောင်းတွေ ပြပြီးမှ ငြင်းပယ်တာတို့၊ ဆိုင်းငံ့တာတို့ လုပ်တယ်။ ဒါကြောင့် အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာတွေ အကြောင်း တိတိကျကျ မေးတဲ့နေရာမှာ ပြည်ထဲရေးဒုဝန်ကြီးကိုယ်တိုင် ရှင်းလင်းစွာ ဖြေကြားနိုင်ခြင်း မရှိဘူး။”

ဒီနေ့ ပြည်သူလွှတ်တော်မှာ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှု ဘ၀ မြှင့်တင်ရေးရာ နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီက  “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်း” ကို  တင်သွင်းတာ၊ “ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်း” ကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်းနဲ့ နိုင်ငံတော်သမ္မတက  ပေးပို့လာသော သဝဏ်လွှာများကို အသိပေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာလလယ်ကတည်းက ရပ်နားထားတဲ့ လွှတ်တော်အစည်းအဝေးတွေကို ဒီနေ့ ပြန်လည် ကျင်းပတာ ဖြစ်ပြီး   အသစ် အစားထိုး ခန့်အပ်ထားတဲ့ ပထမဆုံး အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးလည်း ကျမ်းသစ္စာ ကျိမ်ဆိုပြီး လွှတ်တော် တက်ရောက်ခဲ့တယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013