DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းပေးရန် ဒေသခံများ ဆန္ဒပြ
DVB
·
January 13, 2014
မြိတ်မြို့ ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းပေးရန် ဒေသခံများ ဆန္ဒပြ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ကျေးရွာမှာ တည်ဆောက်မယ့်  ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အလိုမရှိကြောင်းနဲ့ လုံးဝ ဖျက်သိမ်းပေးဖို့ ဒေသခံတွေက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_50151" align="alignleft" width="300"]ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - မြိတ်ပြည်သူ သတင်းစကား ဖေ့စ်ဘွတ်ခ်) ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - မြိတ်ပြည်သူ သတင်းစကား ဖေ့စ်ဘွတ်ခ်)[/caption]

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် လော့လော့ကျေးရွာ တဖက်ကမ်းရှိ သမုတ်ကျေးရွာက ဒေသခံ ၁၀၀ ကျော် ဇန်န၀ါရီ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြတာ ပါ။

ကျောက်မီးသွေးစက်ရုံ ဟာ ဒေသခံတွေအတွက် အကျိုးမရှိနိုင်ဘဲ ဆိုးကျိုးဖြစ်လာမှာမို့  ဒီစက်ရုံ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရတာလို့ ဦးဆောင်ဆန္ဒပြသူ ဦးထိန်လင်းအင်က ပြောပါတယ်။

“ကော့သောင်းမြို့ ၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ ဆိုးကျိုးတွေကို ကော့သောင်းမြို့နေ လူထုတွေ ပထမဦးဆုံး ခံစားနေရပြီ။ အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်း၊ အဆုပ်ရောဂါတွေကို ခံစားနေရပြီ။ အဲဒါကြောင့် မြိတ်မြို့မှာတည်ဆောက်မယ့် ၅၀ မဂ္ဂါဝပ်ဆိုတာ အဆပေါင်းများစွာရှိနေတဲ့အတွက် သမုတ်ကျေးရွာပြည်သူတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျေးလက်နေလူထု စီးပွားအလုပ်အကိုင် အခွင့်အလမ်း အဆင်ပြေချောမွေ့ရေး၊ လက်ရှိလုပ်ကိုင်နေတဲ့ တံငါ၊ လယ်ယာလုပ်ငန်းတွေ ထိခိုက်ပျက်စီးလာမှာစိုးတဲ့အတွက် ကာကွယ်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။”

ကျောက်မီးသွေးစက်ရုံကို မြိတ်မြို့နဲ့ ၁၇ မိုင်လောက်အကွာ သမုတ်ကျေးရွာ တဖက်ကမ်း လော့လော့ကျေးရွာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒီကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သန်းဖြိုးသူ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်က ဦးဆောင်တည်ဆောက်မှာဖြစ်ပြီး  လျှပ်စစ်မဂ္ဂါဝပ် ၅၀ ထွက်ရှိဖို့ ရည်ရွယ်ထားပါတယ်။ ဒီစက်ရုံကို ၂၀၁၅ အပြီးတည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း စွမ်းအင်ဝန်ကြီးဌာနကနေပြီး ပလောက်မြို့နယ်အတွင်းမှာ လျှပ်စစ်ဓာတ် အားရရှိရေး အစွမ်းကုန်လုပ်ဆောင်နေကြောင်း၊ လော့လော့ကျေးရွာမှာ မြေယာပြုပြင်နေကြောင်း ပြောဆိုမှ ဒီကျောက်မီးသွေး စက်ရုံတည်ဆောက်မယ်မှန်း သိရတဲ့အတွက် ကန့်ကွက်ရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ကလည်း အဲဒီ ကျောက်မီးသွေးစက်ရုံဖျက်သိမ်းပေးရေးအတွက် ဒေသခံတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာတုန်းကလည်း ကော့သောင်းမြို့ အေးရပ်ငြိမ်နဲ့ ရွှေပြည်သာရပ်ကွက်ကြား မှာ တည်ဆောက်တဲ့ လျှပ်စစ် ၈ မဂ္ဂါဝပ် ထုတ်တဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓတ်အားပေး စက်ရုံကို ဒေသခံတွေ ကန့်ကွက်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ကန့်ကွက်မှုကြားက ဆက်လက် တည်ဆောက်ခဲ့ပြီး လက်ရှိမှာ လည်ပတ်နေတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013