DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းတွင် စစ်တပ်ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီး
DVB
·
November 20, 2021
ရေလယ်ကျွန်းတွင် စစ်တပ်ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီး
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့ ရေလယ်ကျွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းအထိ  ရေလယ်ကျွန်းကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတို့  အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ကျေးရွာအတွင်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းကို ရေစကြိုမြို့ ပခန်းငယ်ကျေးရွာဘက် ချင်းတွင်းဖြစ်တစ်ဖက်ကမ်းကနေ ရေလယ်ကျွန်းကျေးရွာတွေကို အဝေးက လှမ်းပစ်ခတ်နေတာလို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

“စခ၊ ရခ တွေ ရွာကို ရောက်လာသောင်းကျန်းနေတာ အခုဒီနေ့နဲ့ဆိုရင် ၄ ရက်ရှိပြီ ရွာထဲမှာ ဘယ်သူမှ မနေရဲဘူး။ ပြန်လာကြည့်ရင် အိမ်တွေက ခေါင်မိုးပေါက်တဲ့အိမ်က ပေါက်တယ်။ နံရံပေါက်တဲ့အိမ်က ပေါက်တယ်။ တာဝါတိုင်တွေပေါ်က စနိုက်ပါနဲ့က ချိန်ထားသေးတယ်။ ဒါကိုပဲ ဒီကပြည်သူတွေကို သူတို့က လာပြီးတော့ ကာကွယ်ပေးတာလိုလို ပြောသေးတယ်။ PDFတွေနဲ့ တိုက်တာကတော့ နှစ်ဘက် အပြန်အလှန်တိုက်ကြတာ။ မတိုက်လို့ကလည်းမရတော့ဘူး။ စခတွေ လာသောင်းကျန်းနေတာလည်း ၄ ရက်တောင်ရှိနေပြီလေ။ မနေ့ကဆိုရင် အိမ်ထဲက အသက်ကြီးတဲ့သူကိုခေါ်ပြီးတော့မပြေးနိုင်ဘူး၊ ထားခဲ့ရတယ် အုန်းခနဲ အိမ်ကို လာမှန်တယ်။ အထဲကလူကြီးက အသည်းမမာရင် လန့်ပြီးသေနေလောက်ပြီ။ ဘယ်လောက်ဒုက္ခတွေ များလိုက်လဲ၊ စဉ်းစားသာကြည့်တော့” လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ 

ရေလယ်ကျွန်းကျေးရွာဘက်ကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီ အင်အား ၆၀ ကျော်နဲ့ MG6 ပြောက်ကျားတပ်၊ YSO No.1 ပြောက်ကျားတပ်၊ YLK ပြောက်ကျားတပ်တို့ ရိပ်သာကျောင်း အနောက်ဘက်မှာ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့ပြီး အသေပျောက်စာရင်းကိုတော့ အတိအကျ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် ရေလယ်ကျွန်းကျေးရွာတစ်ရွာလုံး အိမ်ခြေ ၁၅၀ ကျော်လောက်က ဒေသခံ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းကလည်း ကျောက်ဖူးကျေးရွာ၊ ဖြုံဖူး၊ ပရိမ်သာ၊ မိဖုရား၊ မဲကုန်း စတဲ့ကျေးရွာတွေမှာ အကြမ်းဖက် စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တို့က တရစပ်ပစ်ခတ်မှုတွေပြုလုပ်ပြီး ကြက်ဝက်တွေကိုပါ ပစ်ခတ်ဖမ်းဆီးနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

“ရွာသူရွာသားတွေပိုင်တဲ့ ကြက်ဝက်တွေကို လိုက်ပစ်ခတ်နေတာ ငတ်ကြီးကျနေကြတာပါဗျာ၊ ဘယ်ဘဝက မစားခဲ့ရ မသောက်ခဲ့ရတယ်မသိဘူး။ မနက် ၁၀ နာရီလောက်ကတည်းက ရောက်လာပြီးဆော့ ရေလယ်ကျွန်းရွာ်တွေတော်တော်များများမှာ လိုက်ပစ်နေတယ်၊ အခုနေ့လည်ပိုင်းကျတော့ ကျောက်ဖူးရွာက မွေးထားတဲ့ကြက်ဝကါ ဆိတ်တွေကိုတောင်ပစ်နေကြတယ်။ ရွာကလူတွေက ရှောင်နေကြတာ ဟိုတနေ့ကတည်းကပဲ။ ကျနော်တို့မှာ အဲ့ခွေးတွေကိုကြောက်လို့ ထမင်းတောင်နပ်မမှန်ခဲ့တာ အခုဆို တော်တော်ကြာနေပြီ” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က ရေစကြိုမြို့နယ် မအူ ရဲကင်းစခန်းကို ရေစကြိုPDFအဖွဲ့တွေဖြစ်တဲ့ People Defense Force Yesagyo နဲ့ Phoenixအထူးပျောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း မီးရှို့ခံခဲ့ရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒါဏ်ရာရရှိခဲ့တယ်လို့ PDFအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားသလို နိုဝင်ဘာ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ကင်းလှည့်တာအပြင် လမ်းသွားလမ်းလာတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် မအူအောက်ဆိပ်ကျေးရွာက ဒေသခံတွေဟာ ကျေးရွာမှာမနေရဲကြပဲ ရေလယ်ကျွန်းကျေးရွာတွေ၊ အောင်ပန်း၊ အောက်အို စတဲ့ကျေးရွာတွေမှာ သွားရောက် နေထိုင်နေကြတဲ့အတွက် အခုလို လိုက်လံပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013