DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် ရဲကားတစ်စီး မိုင်းဆွဲခံရ၊ ရဲ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
DVB
·
November 19, 2021
ဂန့်ဂေါတွင် ရဲကားတစ်စီး မိုင်းဆွဲခံရ၊ ရဲ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
Donate to DVB

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က မနက်ပိုင်းက စစ်ကောင်စီရဲ့ ရဲကားတစ်စီး မိုင်းဆွဲခံရပြီး ရဲ ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဂန့်ဂေါ PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဂန့်ဂေါမြို့ကနေ ဂန်ဂေါမြို့တောင်းပိုင်းကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတွေ လိုက်ပါလာတဲ့ အံစာတုန်းကား ၂ စီးအနက် ၁ စီးကို ဒီကနေ့ မနက် ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဂန့်ဂေါ PDF တပ်ရင်း ၂ က မိုင်တိုင်အမှတ် ၁၃ နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ အဲဒီ အံစာတုံး ကားပေါ်မှာပါတဲ့ ရဲ ၅ ကောင်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရသွားတယ်။” 

စစ်အုပ်စုဘက်က ရမ်းသမ်းပြီး ပြန်ပစ်ပေမယ့် ဂန့်ဂေါ PDF ဘက်ကတော့ အထိခိုက်အကျဆုံးမရှိဘူးလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်မှာ မနေ့က မနက်ပိုင်းကလည်း ကန်ရွာ ရဲစခန်းက ရဲအရာရှိတစ်ယောက်နဲ့ တပ်သားတစ်ယောက်ကို ဂန့်ဂေါ PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား တစ်ယောက်သေဆုံးပြီး ဒုရဲအုပ်ကတော့ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မနေ့ကတည်းက ကန်ရွာဒေသခံတွေရဲ့နေအိမ်တွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နေအိမ် ၅ လုံး၊ ဆိုင်ကယ်တစ်စီးနဲ့ နွားတစ်ကောင်ကို မီးရှို့ခဲ့ပြီး ဒေသခံတွေရဲ့နေအိမ်က ပစ္စည်းတွေကိုလည်း ကား ၂ စီးနဲ့ ခိုးယူသွားကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသ ရွှေအောင်သာ ကျေးရွာနားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ကျောက်ထု PDF နဲ့ မင်းတပ် တိုက်နယ်အမှတ်-၁ ခိုမ်းရိမ်းတပ်ရင်းတို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ကျောက်ထုPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကျောထုဒေသအတွင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီအင်အား ၁၃၀ လောက်တပ်စွဲထားပြီး အခုလက်ရှိတိုက်ပွဲ ဖြစ်နေတဲ့ ဆောဒေသအတွင်းမှာတော့ အင်အား ၁၀၀ လောက်ရှိတယ်ဆိုပါတယ်။

ကျောက်ထုဒေသမှာ အခုလအတွင်း ကျောက်ထုPDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ထက်နည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားပြီး PDF ဘက်က ထိခိုက်ကျဆုံးတာမရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဟာ ရွာသားတွေကို ဖမ်းပြီး ဓားစာခံလုပ်တာကြောင့် ကျေးရွာတိုင်းက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။

ကျောက်ထုမြို့မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်က လာရောခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ မိုးကာနဲ့ အဝတ်အထည်တွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

ဂန့်ဂေါနဲ့ ကျောက်ထုဒေသတွင်း တိုက်ပွဲတွေ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013