DVB Logo
Home
Lead Story
အက်ဖ်အမ်အိုင်ကုမ္ပဏီ ကျပ်ငွေ ၂ ဘီလီယံခွဲဖိုး အစုရှယ်ယာ ထုတ်ရောင်း
DVB
·
January 13, 2014
အက်ဖ်အမ်အိုင်ကုမ္ပဏီ ကျပ်ငွေ ၂ ဘီလီယံခွဲဖိုး အစုရှယ်ယာ ထုတ်ရောင်း
Donate to DVB

မြန်မာနိုင်ငံထဲက အများပိုင် ကုမ္ပဏီတခုဖြစ်တဲ့ FMI (First Myanmar Investment) ကုမ္ပဏီဟာ ကျပ်ငွေ ၂ ဘီလီယံခွဲ တန်ဖိုးရှိမယ့် ၁ စုကို ကျပ် ၁ သောင်းတန် အစုရှယ်ယာ စုစုပေါင်း ၂ သိန်း ၅ သောင်း ရောင်းချပေးမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

ဒီအစုရှယ်ယာသစ်တွေကို ဇန်န၀ါရီ ၉ ရက်နေ့က စ ရောင်းပေးနေပြီး ဇန်န၀ါရီ ၂၂ ရက်နေ့အထိ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

အစုရှယ်ယာ ရောင်းချရာကနေ ရလာမယ့် ရင်းနှီးငွေတွေကို ကုမ္ပဏီက လက်ရှိ လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ တိုးချဲ့သွားဖို့နဲ့ ဘဏ္ဍာရေးအခြေအနေ တိုးမြှင့်မယ့်နေရာတွေမှာ သုံးမယ်လို့ ထုတ်ပြန်ထားပါတယ်။

အက်ဖ်အမ်အိုင်ကုမ္ပဏီဟာ လက်ရှိမှာ သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်မြို့လယ် အက်ဖ်အမ်အိုင်ရုံးဝင်းထဲမှာ ဟိုတယ်ကြီး ၂ လုံးနဲ့ အခြား တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

ဒါတင်မက ဘဏ်လုပ်ငန်း၊ အိမ်ရာ တည်ဆောက်ရေးလုပ်ငန်း၊ ကားထုတ်လုပ်ရေးနဲ့ လုပ်ငန်းပေါင်းများစွာမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ အများပိုင် ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013