DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်သားစကားဝိုင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးမည်
DVB
·
November 19, 2021
ပြည်သူ့စစ်သားစကားဝိုင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးမည်
Donate to DVB

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေတဲ့ “ပြည်သူ့စစ်သားစကားဝိုင်း”အစီအစဉ်မှာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်  မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ CDM ဗိုလ်ကြီး ညီသုတ၊ တပ်ကြပ် သူရ ဇွဲမာန်နဲ့ မစုသစ်တို့လည်း ပါဝင်ဆွေးနွေးမှာဖြစ်သလို တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က Moderator အနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် တနင်္ဂနွေ စကားဝိုင်း ဆွေးနွေးပွဲတွေအနေနဲ့ People’s Soldiers ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပြီး မေးခွန်းတွေ မေးမြန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့လည်း ဆွေးနွေးမှုမှာ ကြိုတင်မေးမြန်းထားနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တွေကတော့ မတရားစစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ် မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် “ပြည်သူ့စစ်သားစကားဝိုင်း” ကိုလည်း တင်ဆက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013