DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်
DVB
·
November 19, 2021
အန်အယ်လ်ဒီအမတ် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော်အမတ်လည်းဖြစ် ဟစ်ဟော့ပ် အဆိုတော်လည်းဖြစ်တဲ့  ဦးဖြိုးဇေယျာသော်ကို  နိုဝင်ဘာ ၁၈ ရက်  နေ့လယ်ပိုင်းမှာ  ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဒီကနေ့ သတင်းထုတ်ပါတယ်။

ဒလန်သတင်းပေးချက်အရ မနေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာ၊ တိုက်အမှတ် (၃/B) ၊ အခန်းအမှတ် (B-0907) မှာ လက်နက်တွေနဲ့ အတူဖမ်းဆီးရမိတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

ဦးဖြိုးဇေယျာသော်နဲ့အတူ ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၃၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၇၄ တောင့်နဲံအတူ ဖမ်းဆီးရမိတာလို့လည်း ဆိုပါတယ်။ 

ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသနဲ့ နီးစပ်သူတွေက အတည်ပြုပြောပါတယ်။  

ဦးဖြိုးဇေယျာသော်ဟာ မနေ့က သူတက်ရမယ့်အစည်းအဝေးတွေ မတက်ခဲ့ဘဲ နေ့လယ်ပိုင်းကတည်းက  အဆက်သွယ်ပြတ်သွားတယ်လို့ သူနဲ့နီးစပ်သူတဦးက ဆိုပါတယ်။ 

မနေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာကို လက်နက်ကိုင်စစ်သားတွေ အပြည့်တင်လာတဲ့   စစ်ကားအသေး အစီး ၂၀ ၊ စစ်ကားကြီး ၉ စီးနဲ့ ရဲကားတွေအပါအဝင် ကားအစီး ၃၀ ကျော်လောက်နဲ့   ညနေ ၃ နာရီလောက်မှာ ဝင်စီးခဲ့ပြီး  ၄ နာရီခွဲလောက်မှာ ပြန်ထွက်သွားကာ ခေါင်းစွပ်ပြီးဖမ်းခေါ်သွားတဲ့သူရှိတယ်လို့  အနီးနားမှာ နေထိုင်တဲ့ ဒေသခံ တဦးက ပြောပါတယ်။ 

ရန်ကုန်မှာလတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးကို  ဦးဖြိုးဇေယျာသော်က ခိုင်းစေခဲ့တာဆိုပြီး စစ်ကောင်စီက အမြဲလိုလို   စွပ်စွဲထုတ်ပြန်လေ့ရှိတာဖြစ်ပါတယ်။ 

အဆိုပါစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဦးဖြိုးဇေယျာသော်ဘက်ကတော့ ပြန်လည်တုံ့ပြန်နိုင်ခွင့် မရသေးပါဘူး။

ဦးဖြိုးဇေယျာသော်ကို ပရိသတ်တွေက နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဟစ်ပ်ဟော့ပ် အဆိုတော်တယောက်အနေနဲ့ သိထားကြတာ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီကို ကိုယ် စားပြုပြီး နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရကာ ပြည်သူ့ လွှတ် တော်အမတ် ဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေ အများဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်မှ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လေတပ် ဦးစီးချုပ်ဟောင်းနဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013