DVB Logo
Home
မြန်မာသတင်း
အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်တက်ခွင့်ပြုရေး တရုတ်ကြိုးပမ်း
DVB
·
November 19, 2021
အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်တက်ခွင့်ပြုရေး တရုတ်ကြိုးပမ်း
Donate to DVB

လာမယ့်သီတင်းပတ်မှာ တရုတ်သမ္မတက လက်ခံကျင်းပဖို့ရှိတဲ့ အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပြုဖို့ အရှေ့တောင် အာရှနိုင်ငံတွေကို တရုတ်သံတမန်က လှည့်လည်စည်းရုံးခဲ့ပေမဲ့ ပြင်းပြင်းထန်ထန် အတိုက်အခံ လုပ်တာ ကြုံတွေ့ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ဒီမိုကရေစီ ဖိနှိပ်မှုတို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားဟာ မြန်မာအာဏာသိမ်းအဖွဲ့ကို အာဆီယံအစည်းအဝေးတွေကနေ ဖယ်ထုတ်ခြင်းအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်တွေကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ 

အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနေရာ လစ်လပ်နေတဲ့အပေါ်  မြန်မာနိုင်ငံက နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို တက်ရောက်ခိုင်းသင့်တယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။

အင်ဒိုနီးရှားသံအမတ် တိကူဖိုင်ဇာရှာက နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ပုဂ္ဂိုလ်မျိုးကို အစည်းအဝေး တက်စေသင့်တယ်လို့ သူ့ရဲ့ရပ်တည်ချက်ကို အတည်ပြုပြောကြားပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး မပြီးမချင်း နိုင်ငံရေးအဆင့်မှာ ကိုယ်စားပြုဖို့ မဖြစ်နိုင်ဘူးလို့ အင်ဒိုနီးရှားင်ငံခြားရေးဝန်ကြီး  ရန်တိုမာဆူဒီက ပြောထားပါတယ်။ စင်္ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်တို့ကတော့  ချက်ချင်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

ဒီကိ္စ မှတ်ချက်ပေးဖို့တောင်းဆိုချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ချက်ချင်း မတုံ့ပြန်သေးပေမဲ့ မြန်မာနိုင်ငံရှိသက်ဆိုင်သူအားလုံးကို နိုင်ငံရေးအရ ပြေလည်မှုရရှိအောင် တရုတ်က ထောက်ခံခဲ့ပြီး တည်ငြိမ်မှု ပြန်လည်ရရှိစေဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်စတင်ဖို့ အတူတကွ လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ 

မြန်မာစစ်အုပ်စုကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မတုံ့ပြန်ပါဘူး။  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းဟာ  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

မစ္စတာစွန်းဂေါ်ရှန်းဟာ   ပြီးခဲ့တဲ့သီတင်းပတ်က စင်ကာပူနဲ့ ဘရူနိုင်းကိုလည်း သွားရောက်ခဲ့ပြီး စည်းရုံးလှုံ့ဆော်မှုတွေလုပ်ခဲ့တယ်လို့ ဒေသတွင်း သံတမန်တစ်ဦးက ပြောပါတယ်။  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အွန်လိုင်းထိပ်သီးအစည်းအဝေးမှာ ပါဝင်ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြောင်းလည်း သိရပါတယ်။

တရုတ်အနေနဲ့ အာဆီယံရပ်တည်ချက်ကို လက်ခံပေးရမှာဖြစ်ကြောင်း မစ္စတာစွန်းဂေါ်ရှန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အာဆီယံက ကျင့်သုံးတဲ့ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ကိုယ်စားလှယ်ပြုမှု မူကို တရုတ်က ဆက်ထိန်းထားလိမ့်မယ်လို့ စွန်းဂေါ်ရှန်းကို ကိုးကားပြီး ဒေသတွင်း သံတမန်က  ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံက တက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့  စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို အာဆီယံက ဖိတ်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013