DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့ စိုးရိမ်စရာမရှိဟု မြို့နယ်ရဲတပ်ဖွဲ့မှူးပြော
DVB
·
January 13, 2014
မိတ္ထီလာမြို့ စိုးရိမ်စရာမရှိဟု မြို့နယ်ရဲတပ်ဖွဲ့မှူးပြော
Donate to DVB

မိတ္ထီလာမြို့မှာ လုံခြုံရေး အခြေအနေ ပုံမှန်အတိုင်းရှိနေပြီး စိုးရိမ်စရာ မရှိဘူးလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဇန်နဝါရီ ၁၁ ရက်နေ့က မိသားစုအတွင်း အချင်းများရာကနေ လူသတ်မှုတခု ဖြစ်ပွားခဲ့တာကြောင့် ပဋိပက္ခ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

[caption id="attachment_50131" align="alignright" width="300"]ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေ ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေ[/caption]

လူသတ်မှုမှာ သူတို့အကြား လူမှုရေးမပြေလည်မှု အရ ဖြစ်ပွားခဲ့တာကြောင့် လုံခြုံရေး အခြေအနေ စိုးရိမ်းစရာမရှိဘူးလို့ ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေက ပြောပါတယ်။

“မနေ့က ပြည်သာယာ ၁ လမ်းမှာ လူသတ်မှု ဖြစ်စဉ် တခု ဖြစ်ပါတယ်။ ဖြစ်တာက မိသားစုအရေးကိစ္စပါ။ မယားညီအစ်ကို တ၀မ်းကွဲချင်း ဖြစ်တာပါ။ အထိုးခံရတဲ့ ကောင်လေးက အရင်တုန်းက အစ္စလာမ်လို့ သိရတယ်။ အခု ဗုဒ္ဓဘာသာ ခံယူထားတယ်လို့ သိရပါတယ်။ ထိုးတဲ့ကောင်လေးက အစ္စလာမ်ပေါ့။ လူမျိုးရေး၊ ဘာသာရေး မပါပါဘူး။ သူတို့ရဲ့ လူမှုရေးကိစ္စအရပဲ။ အိမ်ကနေ မိန်းမ ဆင်းသွားတဲ့ကိစ္စနဲ့ ရန်ဖြစ်ကြပြီး ပြဿနာ ဖြစ်တာပါ။”

ဖြစ်စဉ်မှာ ပါဝင်တဲ့ တရားခံ ၃ ဦးကိုလည်း မိတ္ထီလာရဲစခန်းက ထိန်းသိမ်း ထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ တရားခံ ၃ ဦးလုံးကို အရေးယူထားပါတယ်။ တယောက်က ဓားနဲ့ထိုးတဲ့သူ အောင်ဇော်ထွေးပါ။ လေးခွနဲ့ ပစ်တယ်လို့ သက်သေတွေရဲ့ ပြောကြားချက်အရ သိရတာက ဇော်မျိုးထွေး။ ဖြစ်စဉ်မှာပါတယ်ဆိုတဲ့သူက ဖိုးနီခေါ် ဇော်ထက်။ အားလုံးက ညီအကိုရင်းတွေပါပဲ။ အားလုံးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားပါတယ်။”

လူသတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် မိတ္ထီလာ မြို့သူမြို့သားတွေက အရင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမျိုး ပြန်ဖြစ်မှာကို စိုးရိမ်ခဲ့ကြပေမယ့် မိတ္ထီလာမြို့မှာတော့ အခြေအနေ ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်မှာတော့ ရောင်းဝယ်ဖောက်ကားမှုက ပုံမှန်ပါပဲ။ လူတွေရဲ့ သွားလာလှုပ်ရှားမှုလည်း ပုံမှန်အတိုင်းပဲ။ စိုးရိမ်စိတ်ရှိတဲ့သူလည်း ရှိကြမှာပေါ့။ သာမန်အားဖြင့် ထူးထူးခြားခြား ဘာမှမဖြစ်ပါဘူး။ အေးအေးချမ်းချမ်းပါပဲ။”

ပဋိပက္ခ ပြန်လည်ဖြစ်ပွားမလာစေဖို့အတွက်လည်း ဆောင်ရွက်ထားကြောင်း မိတ္ထီလာ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေက ပြောပါတယ်။

မိတ္ထီလာဈေးမှာတော့ အနီးဝန်းကျင်ကျေးရွာတွေက ဈေးဝယ်လာသူတွေ မလာရဲ တာကြောင့် ဈေးဝယ်လာသူနည်းတာက လွဲပြီး အခြေအနေ ပုံမှန်အတိုင်းပဲလို့ ဈေးသည်တွေက ပြောပါတယ်။ မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့နှစ် မတ်လကဖြစ်ပွားခဲ့တဲ့  လူမျိုးရေး ဘာသာရေး  ပဋိပက္ခတွေအတွင်း  အစိုးရထုတ်ပြန်ချက်အရ  လူ၄၀ကျော်သေဆုံးခဲ့ပြီး  ထောင်နဲ့ချီတဲ့ မိသားစုတွေ အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရတာပါ။  မိတ္ထီလာမြို့မှာ ပြဋ္ဌာန်းထားတဲ့  ညမထွက်ရအမိန့်ကိုလည်း ပြီးခဲ့တဲ့  ဒီဇင်ဘာလ ၃၁ ရက်နေ့ကမှ ပြန်ရုပ်သိမ်းပေးထားတာပါ။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013