DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် တရက်တည်း ပျူစောထီးအဖွဲ့ဝင် ၅ ဦး အသတ်ခံရ
DVB
·
November 19, 2021
ခင်ဦးတွင် တရက်တည်း ပျူစောထီးအဖွဲ့ဝင် ၅ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ နိုဝင်ဘာလ ၁၈ ရက် တရက်တည်း စစ်ကောင်စီရဲ့ ပျူစောထီး အဖွဲ့ဝင်တွေလို့ နာမည်ကြီးနေသူ ၅ ဦးကို King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့- ခင်ဦး)က သုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ဝင်တစ်ဦးက “ကျနော်တို့မြို့နယ်ကကျေးရွာအချို့မှာ စစ်တပ်က ဖိနှိပ်ဖျက်ဆီး မီးရှို့တာတွေကြောင့် ဘဝပျက်ကြရသူတွေ မိသားစု ပဲ့သွားသူတွေ အများကြီးပါပဲ။ အဲဒီလို စစ်တပ်ဝင်တယ်ဆိုတာလည်း ရွာခံ သတင်းပေးတွေကြောင့်ဆိုတာ အတိအကျသိရုံမကဘူး။ သူတို့ကိုယ်တိုင်က တက်တက်ကြွကြွနဲ့ စစ်တပ်ကို ရှေ့ဆောင်လမ်းပြ လုပ်ပေးနေတာကို တွေ့ရတယ်။ ပြီးတော့ ပျူစောထီး သင်တန်းဆင်းတွေလည်းဖြစ်တယ်။ ပြည်သူတွေအတွက် အန္တရာယ်ရှိသူတွေဖြစ်လို့ ရှင်းလင်းရတာ ဖြစ်တယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေမှာ စိုင်​ဂေါင်းရွာက အသက် ၅၀ အရွယ်တွေဖြစ်တဲ့  ဦးမြင့် နဲ့ ဇနီးဖြစ်သူ ဒေါ်ဘို့ကောက် ခေါ် ဒေါ်ဌေးရှင်၊ ကုလားလူးရွာက ညိုကြီး (အသက် ၂၅ နှစ်) နဲ့ ရွှေမင်းဝံရွာက ဇော်မင်းငြိမ်း (အသက် ၃၅ နှစ်) နဲ့ မမိုးသန်းငြိမ်း (အသက် ၄၀) တို့ ဖြစ်တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရသူ ၅ ဦးဟာ Local PDF တွေရဲ့ လှုပ်ရှားမှုတွေကို စစ်ကောင်စီဆီ သတင်းပေးဖို့ စစ်ကောင်စီက ဖုန်းတစ်လုံးစီ ပေးထားတယ်လို့ သိရပြီး   ဆန်၊ ဆီ ရိက္ခာတွေလည်း ရှာဖွေ ထောက်ပံ့ရေး လုပ်ဆောင်ပေးနေသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး) အနေနဲ့ ၆၁ ယောက်မြောက် ရှင်းလင်းသုတ်သင်လိုက်တယ်လို့ အတိအလင်းထုတ်ပြန်လိုက်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013