DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းများကို နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိသည့် သူရဲကောင်းများအဖြစ်ဂုဏ်ပြုကြေညာ
DVB
·
November 18, 2021
CDM ဝန်ထမ်းများကို နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိသည့် သူရဲကောင်းများအဖြစ်ဂုဏ်ပြုကြေညာ
Donate to DVB

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းကောင်း အမှုထမ်း၊ အရာထမ်းတွေအားလုံးကို နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိကြတဲ့ သူရဲကောင်းတွေ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း NUG အစိုးရက အသိအမှတ်ပြုကြေညာလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက  နိုဝင်ဘာလ ၁၅ ရက် နေ့စွဲနဲ့ ကြေညာလိုက်တာဖြစ်ပါတယ်။

အန္တရာယ်၊ အခက်အခဲ အမျိုးမျိုးကြားမှ မိမိတို့ မြတ်နိုးတန်ဖိုးထားကြတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို စွန့်လွှတ်ကာ ပြည်သူ့ဘက်တွင် မားမားမတ်မတ်ရပ်တည်ပေးခဲ့ကြပြီး နိုင်ငံနဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအားလုံးကို နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိကြတဲ့ သူရဲကောင်းများအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုတာလို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး  အကြမ်းဖက်စစ်အုပ်စု အလိုကျ  အာဏာရှင်ယန္တရား လည်ပတ်နိုင်ရေးအတွက် ထပ်မံခန့်အပ်ထားတဲ့ ဝန်ထမ်းအသစ်တွေရဲ့ ရာထူးတည်မြဲရေး၊ အာဏာရှင်ထောက်တိုင်အဖြစ် ဆက်လက် ရပ်တည်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ရာထူးတိုးမြှင့်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ စစ်အာဏာရှင် လက်အောက်မှ ပြည်ပသင်တန်းနဲ့ ပညာတော်သင်သွားရောက်ကြသူတွေရဲ့  ဘွဲ့ထူး၊ ဂုဏ်ထူးရယူတာတွေကို  လုံးဝ အသိအမှတ် မပြုဘူးလို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ပြည်သူ့အစိုးရလက်ထက် နိုင်ငံ့ဝန်ထမ်းတွေကို ပံ့ပိုးပေးခဲ့တဲ့ အတိုးမဲ့ချေးငွေတွေကို ပြန်လည်ပေးဆပ်ရန် မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်းနဲ့ ဝန်ထမ်းတွေအနေနဲ့ အဆိုပါ (၂) လစာချေးငွေတွေကို   ပြန်လည် ပေးဆပ်ရန်မလိုကြောင်း ထပ်လောင်း အတည်ပြုပါတယ်။

ဒါပေမဲ့ မတရား အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်ခန့်အပ်ထားတဲ့ ဝန်ထမ်းအသစ်တွေ အတွက် လစာတွေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားပြုတာ၊ နိုင်ငံ့ဝန်ထမ်း အတိုးမဲ့ချေးငွေတွေကို ဖိအားပေး ခြိမ်းခြောက် တောင်းခံတာနဲ့ အာဏာအလွဲသုံးစားပြုတာတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ လက်အောက်ရှိ လူကယ်ပြန်ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာနအသီးသီးမှ အကြီးအကဲတွေနဲ့ အရာထမ်း၊ အမှုထမ်းတွေဟာ အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမယ်လို့လည်း NUG က အသိပေးကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့  အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM - Civil Disobedience Movement) ကို နော်ဝေနိုင်ငံအော်စလိုတက္ကသိုလ်မှ ပါမောက္ခ ၆ ဦးက  ၂၀၂၂ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013