DVB Logo
Home
မြန်မာသတင်း
အရာတော်နှင့်မုံရွာတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
November 18, 2021
အရာတော်နှင့်မုံရွာတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မုံရွာနယ်တို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ်၊ ဒုံဒစ်ကျေးရွာနဲ့ ပေါက်ပင်ဆိပ်ကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပျူစောထီး ခြေလျင်စစ်ကြောင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်က ဒုံဒစ်ကျေးရွာအထွက်မှာ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) သုံးဖွဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ARA ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “အခု ညနေ ၅ နာရီက ဒုံဒစ်ကျေးရွာအထွက်မှာ ARA တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်မှုများတယ်လို့ သိရတယ်။ အနည်းဆုံး ၁၀ ဦးထက်မနည်း ဒဏ်ရာပြင်းထန်နိုင်တယ်၊ နာ‌ရေးကားနဲ့ လာသယ်သွားတယ်” လို့ အတည်ပြုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အမာခံပျူစောထီးတွေကို လက်သပ်မွေးမြူထားကာ ပြည်သူအချင်းချင်း ဖိနှိပ်ဖျက်ဆီးရာမှာ အသုံးချနေပြီး ငွေ‌တွင်းကျေးရွာလို စစ်တပ်ထောက်ခံမှုများပြားတဲ့ ဒေသခံပျူစောထီး (ပြည်သူ့စစ်)တွေကို လက်နက်တပ်ဆင်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရာတော်မြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေဟာ အကြမ်းဖက်စစ်တပ်ကို နေ့စဉ်တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း နောင်ကြီးအိုင်ရဲစခန်း အပေါက်ဝအထိ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့နဲ့ အလုံတပ်မြို့ကြား ငါးဒိုင်အနီးမှာလည်း နိုဝင်ဘာ ၁၇ ရက်နေ့ည ၁၁ အချိန်လောက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မုံရွာဘက်ကနေ အလုံဘက်ကိုပြန်တဲ့စစ်ကားတွေမြင်လိုက်ရတယ်။ အဲလိုလည်းသွားပြီးမကြာဘူး ပေါက်ကွဲသံအကျယ်ကြီးကြာရတာ။ အဲအသံကျယ်ကြီး ကြားပြီးတာနဲ သေနတ်သံအမျိုးစုံ ပစ်သံတွေကြားရတယ်။ ဘယ်ပစ်ခတ်တာလို့တော့ မသိဘူး။ တစ်ယောက်နဲ့တစ်ယောက်ဖုန်းဆက်လှမ်းမေးကြည့်တော့ စစ်ကောင်စီကားမိုင်းဆွဲခဲရလို့ အခုလို လျှောက်ပစ်တာလို့ သိရတယ်။ ပစ်တာကလည်း ညကြီးဆိုတော့ ဘာတွေမှန်လို၊ ဘာတွေ ထိတယ်ဆိုတာကိုတော့ အတိကျပြောလို့ မရသေးဘူး။ အပြင်လည်း ထွက်မကြည်ရဲဘူး။ ဒီကောင်တွေက ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မြင်ရာအကုန်သိမ်းကြုံးဖမ်းတာ” လို့ အနီပတ်ဝန်းကျင်နေသူတစ်ဦးက ပြောပါတယ်။

မုံရွာမြိုကနေ ညကင်းပတ်ပြန်လာတဲ့  စစ်ကောင်စီယာဉ် ၃ စီးကို Monywa NightKing အဖွဲ့နဲ့ သံမဏိအဖွဲ့သားတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ် ၁ စီးပျက်သွားတယ်လို့  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013