DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမဝင်လူပို့သည့် ပွဲစားများကို အရေးယူမည်ဟု မွန်ပြည်သစ်ပါတီသတိပေး
DVB
·
November 17, 2021
ထိုင်းသို့ တရားမဝင်လူပို့သည့် ပွဲစားများကို အရေးယူမည်ဟု မွန်ပြည်သစ်ပါတီသတိပေး
Donate to DVB

ထိုင်းနိုင်ငံကို တရားမဝင်လူပို့ပြီး တာဝန်မယူတဲ့  ပွဲစားတွေကို ဖမ်းဆီး အပြစ်ပေးအရေးယူမယ်လို့  အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့  မွန်ပြည်သစ်ပါတီက သတိပေးလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် စီးပွါးရေးကျဆင်း အလုပ်အကိုင်ရှားပါးကာ နေ့စဉ်လူတွေရာနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေဆီ ဝင်ရောက်လုပ်ကိုင်နေ ကြရပါတယ်။ အဲဒီလို သွားရောက်ရာမှာ အထူးသဖြင့် ထိုင်းနိုင်ငံကိုသွားတဲ့အခါမှာ ပွဲစား အဆက်အသွယ်နဲ့ သွားကြပြီး ထိုင်းရဲနဲ့ ဖမ်းဆီးမှုတွေလည်း နေ့စဉ်လိုလို ခံနေရပါတယ်။

ပွဲစားတွေဟာ ထိုင်းသွားလိုသူတွေဆီက ဝန်ဆောင်ခ တစ်ဦးကို ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ထိ ကောက်ခံပြီး လိုရာခရီး ထိရောက်အောင် တာဝန်မယူတာ၊ လမ်းခုလတ်မှာ ပစ်ထားခဲ့လို့ ဒုက္ခရောက်တာ၊  ရဲအဖမ်းခံရတာတွေရှိနေတာပါ။ 

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း တာဝန်မယူတဲ့ပွဲစားတွေရှိပါက တိုင်ကြားနိုင်ကြောင်းနဲ့ စုံစမ်းအရေးယူပေးမယ်လို့ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူနယ်မြေမှူး နိုင်ကျော်မိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ထိုင်းကိုသွားမယ်ဆိုရင် တရားဝင်လမ်းကြောင်းကနေပဲ သွားကြဖို့ ကျနော်တို့က နှိုးဆော်စာထုတ်ထားတာပါ။ တကယ်လို့ တရားမဝင်လမ်းကသွားရင် ထိုင်းကလည်း ဖမ်းဆီးမယ်၊ အရေးယူမယ်လေ။ ပွဲစားတွေနဲ့သွားပြီး ပွဲစားကတာဝန်မယူဘူးဆိုလျှင် ကျနော်တို့ဆီကို သတင်းအ တိအကျရယ်၊ ဓာတ်ပုံရယ်၊ ဖုန်းနံပါတ်ရယ်ပို့ပေးလျှင် ကျနော်တို့ စုံစမ်းအရေးယူပေးမယ်။”

အရင်ကလည်း လူပွဲစား ၁၅ ယောက်လောက်ကို စုံစမ်းအရေးယူခဲ့တာတွေရှိကြောင်း၊ အဖွဲ့အစည်းရဲ့ဥပဒေအရ အမှုအကြီးအသေးအလိုက် ပြစ်ဒဏ်ပေးပြီး အနည်းဆုံးတော့ ထောင် ၃ လ ချတယ်လို့ သူကဆက်ပြောပါတယ်။ 

ထိုင်းနိုင်ငံထဲကို တရားမဝင် သွားရောက်သူတွေအနက် ၂ ပတ်အတွင်း  ထိုင်းအာဏာပိုင်တွေ ဖမ်းမိထားသူ ၅၀၀၀ လောက်ရှိတယ်လို့ ထိုင်းကထုတ်ပြန်ထားပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဘုရားသုံးဆူဘက်ကနေ ဝင်ရောက်သူ ၂၀၀၀ လောက်ရှိမယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။ 

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေနဲ့ မျက်နှာချင်းဆိုင် ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်သူတွေ မကြာခဏဖမ်းဆီးရမိလေ့ရှိတာပါ။ 

နယ်စပ်တောတောင်ထူထပ်ပြီး တောလမ်းဝင်ပေါက်ထွက်ပေါက်တွေ အများကြီးရှိတာကြောင့် သူတို့ထိန်းချုပ်နယ်မြေကို ဖြတ်ပြီး ဝင်ရောက်သွားသူတွေကို အကုန်မသိနိုင်ကြောင်း၊ ဒီမတိုင်ခင် စက်တင်ဘာလက ၂၀ ကျော်၊ ဩဂုတ်လက ၃၀ ကျော် တွေ့ရှိခဲ့ပြီး သူတို့ကို ပြန်ခေါ်လာကာ ထမင်းကျွေး ပညာပေးပြီး အိမ်ပြန်လွှတ်လိုက်တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ 

Photo Credit- SONG1970

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013