DVB Logo
Home
မြန်မာသတင်း
CDM ဆရာ၊ ဆရာမများက Grade - 4 အတန်းများ စတင်ဖွင့်လှစ်သင်ကြားပေးနေ
DVB
·
November 17, 2021
CDM ဆရာ၊ ဆရာမများက Grade - 4 အတန်းများ စတင်ဖွင့်လှစ်သင်ကြားပေးနေ
Donate to DVB

PiTi - Education စင်တာကနေ ပထမဆုံးဖွင့်လှစ်ထားတဲ့ စတုတ္ထတန်း Grade -4  အတန်းခွဲမှ ကျောင်းသား/သူတွေကို CDM ဆရာ/ဆရာမတွေကိုယ်တိုင် စတင်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေကို သင်ကြားပေးတဲ့အခါမှာ သင်ရိုးတခုတည်း သင်ကြားပေးတာ မဟုတ်ဘဲ စိတ်၀င်တစားရှိအောင် Club Activity တွေနဲ့ ၃ လတာလုံး ကျောင်းသား ကျောင်းသူတွေ ပညာလည်း တတ်မြောက်ပြီး ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်ရအောင် သင်ကြားပေးမှာ ဖြစ်တယ်လို့  PiTi - Education  စင်တာ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျန်ရှိနေတဲ့ အတန်းခွဲတွေနဲ့ ကျောင်းသားလူငယ်တွေအတွက်  ဒီခေတ်မှာ တက်ထားသင့်တဲ့ ပညာရပ်တွေကို ထပ်မံစီစဥ်ဖွင့်လှစ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။ 

စစ်ကျွန်ပညာ‌ရေးကို သပိတ်မှောက်ပြီး နေအိမ်ကနေ အဆက်မပြတ် လေ့လာသင်ယူလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် မိဘတွေအနေနဲ့  PiTi - Education မှာ ကလေးတွေကို ကျောင်းအပ်ပြီး CDM ဆရာ၊ ဆရာမတွေကို ထောက်ပံ့နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013