DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံရမှုနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
DVB
·
January 12, 2014
သိမ်းဆည်းခံရမှုနဲ့  အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
Donate to DVB

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု တွေအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို သထုံမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် သထုံမြို့နယ် ထောင်မှူးကျေးရွာမှာ တောင်သူလယ်သမား တွေ လယ်ယာမြေသိမ်းဆည်းခံရမှုနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အဲဒီ ဆွေးနွေးပွဲမှာ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူလယ်သမားတွေက သူတို့ရဲ့ ကြုံခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။

Mons tateပေါင်မြို့နယ် တောင်သူလယ်သမား ဦးသန်းညွှန့် က “ဒီရော်ဘာခြံအလုပ်ကို ၉၄၊၉၅ ခုနှစ် ကတည်းက လျှောက်ပြီးတော့ ကျနော်စိုက်ခဲ့တာပါ။ စိုက်ပြီးတော့ ၁ နှစ်ကျော်အကြာမှာ သစ်တောရယ်၊ ဒေါ်စန္ဒာဝင်းရယ် ဘယ်လို လုပ်သွားမှန်း မသိဘူး။ သစ်တောလုပ်ပိုင်ခွင့် ဆိုပြီး လုပ်လိုက်တယ်။ နောက်ဆုံးမှာတော့ ကျနော်ကို အချုပ်ချ၊ ထောင်ချပစ်လိုက်တယ်။”

မွန်ပြည်နယ်အတွင်းက လယ်ယာဥယျာဉ်ခြံမြေ သိမ်းဆည်းမှုတွေဟာ နိုင်ငံတော်စီမံကိန်း၊ ပုဂ္ဂလိက စီးပွားရေးစီမံကိန်း၊ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သူတွေက သိမ်းဆည်းတာတွေကို ခံခဲ့ရတယ်လို့ လယ်သမားတွေက ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်က စီမံကိန်း၊ စီးပွားရေး လုပ်ငန်းတွေအတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေမှာ လုပ်ကိုင်ခွင့်ပြုရာမှာ အရင်ကတည်းက စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးမြေတွေ ပါဝင်နေပါက တရားဝင်လုပ်ကိုင်ခွင့် ရရှိထားခြင်းမရှိတဲ့တိုင် နစ်နာမှု မရှိစေရန် တောင်သူတွေရဲ့ ဆန္ဒနဲ့အညီ ညှိနှိုင်းဆောင်ရွက်ပေးရမယ်လို့ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲ့ရေး ဥပဒေက ပြဌာန်းထားပါတယ်။

အိုင်အယ်အိုနဲ့ ကူညီဆောင်ရွက်သူများ ကွန်ယက် အဖွဲ့ဝင် ဦးအေးသွင် က “မြေယာသိမ်းခံရတဲ့ ကိစ္စရပ်တွေမှာ ဥပဒေမဲ့သိမ်းနေတာတွေကို အများကြီး တွေ့ခဲ့ရပါတယ်။ ဒါတွေကို ဥပဒေနဲ့အညီ တင်ပြဖို့အတွက်ကိုလည်း သူတို့မှာ အခွင့်အရေးတွေ မရခဲ့ကြဘူး။ အဲဒါကြောင့် သူတို့တွေရဲ့ နစ်နာမှု အားလုံးကို ကမ္ဘာကလည်း သိသွားအောင် အိုင်အယ်အိုကို တင်ပြမယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တို့ကိုလည်း တင်ပြသွားမယ်”လို့ ဆိုပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ်(သထုံခရိုင်)က စီစဉ်ခဲ့တာဖြစ်ပြီး ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် မြို့နယ်က လယ်ယာမြေ သိမ်းဆည်းခံ တောင်သူလယ်သမားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013