DVB Logo
Home
နိုင်ငံရေး
လာမည့်လွှတ်တော်ထဲတွင် ဥပဒေကြမ်း ၃၀ ဆွေးနွေးဖို့ရှိ
DVB
·
January 12, 2014
လာမည့်လွှတ်တော်ထဲတွင် ဥပဒေကြမ်း ၃၀ ဆွေးနွေးဖို့ရှိ
Donate to DVB

ဇန်န၀ါရီ ၁၃ ရက် တနင်္လာနေ့မှာ ပြန်လည်ကျင်းပဖို့ရှိတဲ့ ၉ ကြိမ်မြောက် လွှတ်တော်အတွင်း ဆွေးနွေးဖို့ ဥပဒေကြမ်း ၃၀ လောက်ရှိပြီး အရေးကြီးတဲ့ ဥပဒေတွေကို ဦးစားပေးဆွေးနွေးဖို့ ပြင်ထားတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်တွေအတွင်း ဆွေးနွေးဖို့ကျန်နေတဲ့ ဥပဒေကြမ်း ၂၁ခုနဲ့ အသစ် ၉ခု စုစုပေါင်း ၃၀ ဆွေးနွေးဖို့ ဥပဒေကြမ်းကော်မတီလက်ထဲ ရောက်ရှိနေပြီး လျှပ်စစ်ဥပဒေလိုမျိုး အရေးကြီးတဲ့ parliment wide viewဥပဒေတွေ ဦးစားပေးဆွေးနွေးမယ်လို့ သူက ခုလို ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်း က“အရေးကြီးတဲ့ ဥပဒေတွေပေါ့ ဥပမာ - လျှပ်စစ်ဥပဒေလိုမျိုး၊ ကွန်ဒိုမီနီယံလောလိုမျိုး၊ နောက် သင်းဖွဲ့ဆိုင်ရာ ဥပဒေတွေလို့မျိုး ဒါမျိုးတွေကိုတော့ ဦးစားပေးအဆင့် ထားရှိပြီး ဆောင်ရွက်နေပါတယ်။ မီဒီယာ ဥပဒေမှာဆိုလို့ရှိရင် ကျနော်တို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ လွှတ်တော် ၂ ရပ် သဘောကွဲလွဲတဲ့ ပုံနှိပ်ခြင်း ထုတ်ဝေခြင်း ဥပဒေကြမ်းကို ဟိုတနေ့ကပဲ အစည်းအဝေး လုပ်ပါတယ်။ ဒီတပတ်လည်း အဲဒီဟာကို ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အစီရင်ခံစာ ဖတ်ကြားမှာ ဖြစ်ပါတယ်။ နောက်ထပ် သတင်းမီဒီယာ ဥပဒေကြမ်းကတော့ အမျိုးသားလွှတ်တော် ရောက်နေပါပြီ။ နောက် အများ ပြည်သူ ဆိုင်ရာ မီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်လျှက်ရှိပါတယ်”လို့ ပြောပါတယ်။

ဥပဒေကြမ်းပြုစုတဲ့ ပညာရှင်မရှိတဲ့အတွက် လွှတ်တော်တွေထဲ ဥပဒေပြုရေးအပိုင်းမှာ နှေးနေတယ်လို့ ရန်ကုန်က တရားလွှတ်တော်ရှေနေ ဦးကိုနီက သုံးသပ်ပြောပါတယ်။

“ဥပဒေကြမ်းပြုစုတဲ့ ပညာရှင်တွေ ကျနော်တို့ဆီမှာ မရှိဘူး။ ဥပဒေကြမ်းရေးဆွဲရေး ကော်မတီ ၁၊ ၂ လို့ ထားပေမယ့် အဲဒီမှာ တကယ်တော့ ဥပဒေကြမ်းရေးဆွဲတဲ့ ပညာရှင်တွေ တော်တော် လိုပါတယ်။ အဲဒီ ပညာရှင်တွေကို မွေးထုတ်ဖို့ လိုသလို လောလောဆယ် မမွေးထုတ်နိုင် သေးခင်မှာလည်း နိုင်ငံခြားက ပညာရှင်တွေ ငှားပြီး သုံးဖို့ လိုကောင်းလိုလိမ့်မယ်။ အဲဒီ ဥပဒေကြမ်းတွေ မြန်မြန်ထွက်လာရင် ပညာရှင်တွေက ပေးတဲ့ ဥပဒေကြမ်းတွေ ဖြစ်တဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးရင် တော်တော်ကို အချိန် သက်သာသွားမယ်။ အငြင်းအခုံ ဖြစ်စရာတွေ တော်တော်နည်းသွားမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဆွဲလို့ ရှိရင် မြန်တာက များတယ်။ မူဝါဒလောက်ကိုပဲ အပေါ်က ချပေး။ ချပေးပြီးရင် ပညာရှင်တွေက သူတို့ လိုအပ်တဲ့ဟာတွေ ထည့်သွားမယ်။ ပါသင့်တာတွေပါအောင် သူတို့ လုပ်သွားမယ်။ ရှေ့နောက် ညီညွတ်အောင် သူတို့လုပ်သွားမယ်။ မညီမညွှတ်မဖြစ်အောင် သူတို့ လုပ်သွားမယ်။ အဓိက ကတော့ အဲဒီအပိုင်းကို ဖြည့်ဆည်းပေးနိုင်ရင် လွှတ်တော် အနေနဲ့ အခုထက်ပိုပြီးတော့ အရှိန် အဟုတ်ကောင်းကောင်းနဲ့ ဥပဒေပြုတဲ့အလုပ်တွေကို လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်မယ်လို့ ကျနော်က အဲဒီလို အကြံလည်းပေးချင်တယ်ဗျာ။ သုံးလည်းသုံးသပ် တင်ပြချင်ပါတယ်။”

၂၀၁၄ ခုနှစ်အတွင်း န၀မအကြိမ်မြောက် လွှတ်တော်နှစ်ရပ် ပထမဆုံး ပြန်လည် စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ဒီတကြိမ်လွှတ်တော်ထဲ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဖွဲ့ပေးထားတဲ့ လွှတ်တော်ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကလည်း ကော်မတီရဲ့ သုံးသပ်တွေ့ရှိချက်တွေကို အစီရင်ခံစာ တင်သွင်းဖို့ ရှိနေ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်အရပ်ရပ် ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဥပဒေ ၃၆ ခု ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ပြဌာန်းနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013