DVB Logo
Home
မြန်မာသတင်း
မန္တလေးက သဘင်ဂီတပညာရှင်များ အွန်လိုင်းဈေးရောင်းချခြင်း ပြောင်းလဲလုပ်ကိုင်လာ
DVB
·
November 17, 2021
မန္တလေးက သဘင်ဂီတပညာရှင်များ အွန်လိုင်းဈေးရောင်းချခြင်း ပြောင်းလဲလုပ်ကိုင်လာ
1 / 3
Donate to DVB

မန္တလေးမြို့မှာရှိတဲ့ သဘင်၊ ဂီတ ပညာရှင်တွေအနေနဲ့ အခုကာလမှာ လုပ်ငန်းတွေကို စွန့်လွတ်ပြီး အွန်လိုင်းဈေးရောင်းချတာကို ပြောင်းလဲလုပ်ကိုင်လာကြတယ်လို့ မန္တလေးမြို့ သဘင်နဲ့ ဂီတ အသိုင်းအဝိုင်းက သိရပါတယ်။

လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့တဲ့အတွက် မိမိတို့မှာရှိတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချတာ၊ သဘင်နဲ့ ဂီတပစ္စည်းတွေကို လက်ဆင့်ကမ်းရောင်းချတာတွေနဲ့ စားသောက်နေထိုင်ခဲ့ကြပြီး ရောင်းချစရာမရှိကြတော့တဲ့အတွက် အွန်လိုင်းဈေးရောင်းချခြင်းဘက်ကို ကူးပြေင်းလာကြတာလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“လုပ်ငန်းတွေက လည်ပတ်မှုတွေ မရှိတော့တဲ့အခါကျတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရုန်းကန်ကြရတာပေါ့လေ။ သဘင်ကလည်း သဘင်အလျောက်၊ ရှိတဲ့ပစ္စည်းလေးကို ထုခွဲရောင်းချ။ ဂီတသမားကလည်း အတူတူပဲ သူတို့ရှိတာလေးတွေကို ထုခွဲရောင်းချ။ ရောင်းချကြစရာမရှိတော့ကျတော့ အွန်လိုင်းကနေ အစားအသောက်လေးတွေရောင်းချကြနဲ့ တော်တော်လေး အခက်အခဲဖြစ်သွားတာပေါ့နော်” လို့  သဘင် အသိုင်းအဝိုင်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စားဝတ်နေရေးအခြေအနေ ခက်ခဲနေပြီး တီးဝိုင်းတွေကိုပါ ဖြုတ်ရောင်းနေရတဲ့ အခြေအနေ ထိဖြစ်နေတာကြောင့် တီးဝိုင်းအသစ်ထောင်နိုင်သူ မရှိဘူးလို့ မန္တလေးမြို့က ဂီတ ပညာရှင်တစ်ဦးက ပြောပါတယ်။

တီးဝိုင်းတစ်ဝိုင်းကို ထူထောင်မယ်ဆိုရင် သိန်း ၁၀၀၀ ဝန်းကျင်လောက်ကုန်ကျမှာဖြစ်ပြီး တီးဝိုင်းပိုင်ရှင်တွေ ကိုယ်တိုင်က ရှိတဲ့ပစ္စည်းတွေ ထုခွဲရောင်းချနေရတဲ့အတွက် အရင်လို ပြန်လည် တီးခတ်မယ်ဆိုရင် အသစ်ကစ ပြန်လည်ရင်းနှီးမြုပ်နှံရမယ်လို့ မန္တလေးမြို့ ဂီတအသိုင်းအဝိုင်းမှ ပညာရှင်တစ်ဦးကပြောပါတယ်။

“ဒီချိန်မှာ အခက်အခဲတွေက တော်တော်လေးကြီးမားနေတယ်လေ။ ဒီချိန်မှာ တီးဝိုင်းတစ်ဝိုင်းကို ထူထောင်မယ်ဆိုရင် သိန်း ၈၀၀/ ၁၀၀၀ က အောက်ထစ်ကုန်မှာ၊ ရန်ကုန်မှာရှိတဲ့  IC၊ တို့ အင်ပါယာတို့လိုဟာမျိးတောင်မဟုတ်သေးဘူး၊ ကျွန်တော်တို့ မန္တလေးအတိုင်းအတာနဲ့ဆိုရင် သိန်း ၈၀၀/၁၀၀၀ မက တော်တော်ကုန်ကျမှာပေါ့။ ကိုဗစ်ကာလမှာဖြစ်သွားတဲ့အခါကျတော့ ခုန ကျနော်ပြောခဲ့တဲ့အတိုင်းပဲ ဂီတသမားတွေ စက်ပိုင်ရှင်တွေပေါ့နော်၊ စက်ပိုင်ရှင်တွေက သူတို့မှာရှိတဲ့ ပစ္စည်းတွေကို ထုခွဲရောာင်းချကြပြီးတော့ ဒါလေးနဲ့ပြန်ပြီးတော့ ကုစားပြီးတော့ ကျန်တာလည်း တခြားကနေပြီးတော့ လိုအပ်တာလေးတွေ ဆွဲပြီးတော့ ဒီလိုပဲ ပြန်လည်ရင်းနှီးမြှုပ်နှံပြီးတော့ အသစ်ကပြန်စရမှာပါပဲ။” 

အကြမ်းဖက် စစ်ကောင်စီအစိုးရက ကိုဗစ်-၁၉ ကြောင့် ထိခိုက်နေတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့မီဒီယာ လုပ်ငန်းတွေကို ချေးငွေ ခေါ်ယူထားပေမယ့်လည်း  မန္တလေးတိုင်းဒေသကြီး အတွင်းက လျောက်ထားသူ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013