DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် ပြည်ပဝယ်လိုအားကောင်းနေ၊ အောက်တိုဘာလအတွင်း တန်ချိန် ၂ သိန်းကျော်တင်ပို့
DVB
·
November 17, 2021
မြန်မာ့ဆန် ပြည်ပဝယ်လိုအားကောင်းနေ၊ အောက်တိုဘာလအတွင်း တန်ချိန် ၂ သိန်းကျော်တင်ပို့
Donate to DVB

မြန်မာ့ဆန်ကို ပြည်ပက ဝယ်လိုအားကောင်းနေပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ပြည်ပတင်ပို့မှုတွေထဲက ၉၇ ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ ရောင်းချခဲ့တာဖြစ်ပြီး  ကျန် ၃ ရာခိုင်နှုန်းကတော့ နယ်စပ်လမ်းကြောင်းကနေ တင်ပို့ ခဲ့တာပါ။

ပြည်ပ၀ယ်အားကမြင့်နေတာကြောင့် Export ဆန်ကြမ်းစျေးဟာ  စျေးအမာဘက်မှာပဲ ဆက်ရှိနေနိုင်တယ်လို့  ဆန်ကုန်သည်တွေက သုံးသပ်ပါတယ်။

“၀ယ်အားနည်းနည်းပြန်မြင့်လာတယ်။ ဆန်စျေးကတော့ ကျစရာသိပ် မရှိတော့ဘူး”လို့ ဆန်ကုန်သည် တစ်ဉီးက ပြောပါတယ်။

ဆန်စပါး ဈေးနှုန်းဟာများသောအားဖြင့် မိုးစပါးစတင်ထွက်ပေါ်ချိန် နိုဝင်ဘာလဆန်းပိုင်းက စတင်ကျဆင်းလေ့ရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ မတ်လဆန်းမှာ ဈေးနှုန်းပြန်ကျလေ့ရှိပါတယ်။

မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းက ထုတ်ပြန်တဲ့ ဆန်စျေးနှုန်းတွေအရ ပြည်ပပို့ဆန်ဖြစ်တဲ့ ဧည့်မထ ၂၅ မတ်ဆန်အမျိုးအစားက မိုးစပါးအသစ်စတင် ထွက်ပေါ်ချိန်ကတည်းက ယနေ့အထိ တစ်အိတ်ကိုကျပ် ၂၂၀၀ ကနေ ၂၃၀၀၀ ကြား ၀န်းကျင်မှာပဲစျေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။

နို၀င်ဘာ ၁၆ ရက်က ဧည့်မထ ၂၅ မတ်ဆန် (၁၀၈) ပေါင်၀င် ဆန်(၁)အိတ်စျေးနှုန်းက ကျပ်၂၂၀၀၀ ကနေ၂၂၅၀၀ကြားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ စျေးနှုန်းထက် အနည်းငယ်မြင့်တက်နေတာကို တွေ့ ရပါတယ်။

ပြည်တွင်းစားဆန်ဖြစ်တဲ့ ပေါ်ဆန်းဆန်အသစ် စျေးနှုန်းတွေကတော့ ပြီးခဲ့တဲ့ နို၀င်ဘာ ဒုတိယပတ်က စတင်ပြီး ပြန်လည်ကျဆင်းလာပါတယ်။ နို၀င်ဘာလဆန်းပိုင်းက တစ်အိတ်ကို ကျပ် ၃၉၀၀၀ ကနေ ၄၀၀၀၀ ကြားအထိ ရှိခဲ့ပြီး တစ်အိတ်ကို ကျပ် ၅၀၀၀ ၀န်းကျင်ကျဆင်းလာတာပါ။

“ပေါ်ဆန်းဆန်တွေက အခုအသစ်ပေါ်ချိန် ဆိုတော့ စျေးကျတာပါ”လို့ ဆန်ကုန်သည်တစ်ဦး က ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ဆန်တွေကို ပြည်ပတင်ပို့ရာမှာ တရုတ်နိုင်ငံကို ပမာဏအများဆုံးတင်ပို့ခဲ့တာဖြစ်ပြီး  အိုင်ဗရီကို့စ်၊ ဖိလစ်ပိုင်၊ နယ်သာလန်နဲ့ ဘယ်ဂျီယံနိုင်ငံတွေအပြင် တခြားနိုင်ငံတွေကိုလည်း တင်ပို့ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013