DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးကို စစ်ကောင်စီရွေးကော် တရားစွဲ
DVB
·
November 16, 2021
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးကို စစ်ကောင်စီရွေးကော် တရားစွဲ
Donate to DVB

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၁၆ ယောက်ကို ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ပုဒ်မ အများအပြားနဲ့ တရားရုံးတွေမှာ တရားစွဲဆိုနေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာတာ၊ တရားမဲ့ ပြုကျင့်တာတွေအပေါ် စုံစမ်းတွေ့ရှိချက် အစီရင်ခံစာမှာပါတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့တရားမဲ့ ပြုကျင့်တာတွေမှာ ကျူးလွန် ပါဝင်ဆောင်ရွက်ခဲ့ကြတာကြောင့်လို့ ဆိုပါတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်အပါအဝင် ၁၆ ယောက်ကို တရားစွဲတာ လို့လည်း ထုတ်ပြန်ပါတယ်။

သူတို့ဟာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကို ဖွဲ့စည်းပေးရာမှာ ဥပဒေပါပြဋ္ဌာန်းချက်တွေကို လျော်ကန်တဲ့ခွင့်ပြုချက်မရှိဘဲ မရိုးဖြောင့်တဲ့သဘောနဲ့ ဆန့်ကျင်တဲ့ ပြစ်မှုကို ကျူးလွန်တာ၊ ကျူးလွန်ရာမှာ အားပေးကူညီတာ၊ တပ်မဲရုံတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူက ဥပဒေနဲ့အညီဆောင်ရွက်နေတာကို ဟန့်တားတာ၊ နစ်နာစေဖို့ ခြိမ်းခြောက်ပြောဆိုတာ၊ အန်အယ်လ်ဒီပါတီအနိုင်ရဖို့အတွက် ရွေးကောက်ပွဲ လုပ်ငန်းတွေမှာ ဝင်ရောက် စွက်ဖက်တာ၊ ရွေးကောက်ပွဲမတိုင်ခင် တရက်အလိုမှာ မဲစာရင်းမှာ အမည်စာရင်ထည့်ဖို့ မရိုးဖြောင့်တဲ့သဘောနဲ့ စေခိုင်းခဲ့တာ စတာတွေကို ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် သူတို့ကို အခု နိုဝင်ဘာ ၁၅ ရက်နေ့ကစလို့ သက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုနေပြီလို့လည်း  ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တဲ့လို့ စစ်ကောင်စီက  အကြိမ်ကြိမ် စွပ်စွဲနေပေမဲ့  ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်နိုင်တဲ့ မဲမသမာမှု တခုတလေမှာ ခုချိန်အထိ သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။ 

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  နိုင်ငံခေါင်းဆောင်တွေကို စစ်ကောင်စီက စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတာ ၉ လကြာရှိနေပြီဖြစ်ပြီး  တခြားဥပဒေ ပုဒ်မအမျိုးမျိုးတွေနဲ့လည်း စွပ်စွဲ  အမှုဖွင့်ထားပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013