DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့ ဇီးတောကျေးရွာက အသက်မပြည့်သူအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး ဖမ်းဆီးခံရ
DVB
·
November 16, 2021
ရေစကြိုမြို့ ဇီးတောကျေးရွာက အသက်မပြည့်သူအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့ ဇီးတောကျေးရွာက အသက်မပြည့်သေးသူအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးကို နိုဝင်ဘာ ၁၆ ရက်နေ့မနက် ၉ နာရီလောက် အကြမ်းဖက် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇီးတောကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သတင်းပေးမှုကြောင့် အသက် ၆၀ ကျော်အရွယ် ဦးစုမြိုင်၊ အသက် ၄၀ ကျော်အရွယ် ကိုအောင်ဇော်မျိုးနဲ့ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် မောင်မြင့်မြတ်သူတို့ကို အကြမ်းဖက် ရဲတပ်ဖွဲ့ဝင် ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အကြမ်းဖက် ရဲတပ်ဖွဲ့ဝင် ၅ ဦးဟာ နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၉ နာရီလောက်ကတည်းက ဇီးတောကျေးရွာက စာသင်ကျောင်းအတွင်းမှာ စခန်းချ နေထိုင်နေတာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ အပြစ်မဲ့ပြည်သူတွေကို အခုလို ဖမ်းဆီးသွားတာလို့ သိရပါတယ်။

“ရဲခွေးတွေက ၁၄ ရက်နေ့ကတည်းက ရွာထိပ်ကကျောင်းမှာ တပ်စွဲထားတာ ဒလန်တွေရဲ့ မဟုတ်မမှန် သတင်းပေးတာကြောင့် အသက်ကြီးရင့်သူနဲ့ အသက်မပြည့်သေးတဲ့ကလေးပါ အဖမ်းခံရတယ်။ ပျူတွေက သူတို့တပ်ထဲမှာ သင်တန်းဆင်းလာကတည်းက ရွာထဲမှာ လာပြီးတော့ ကျယ်တာ။ သေနတ်တွေ ပစ်ဖောက်ရမ်းကားနေတာ။ ရွာထဲကလူတွေလည်း ထွက်ပြေးနေရတယ်၊ ရွာကလည်း အရင်ကလို မဟုတ်ဘူး။ ခြောက်ကပ်လို့ လူသိပ်မရှိဘူး။”

နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာလည်း မြိုင်မြို့၊ လင်းကတော ကျေးရွာကနေ ဇီးတောကျေးရွာအနီးကိုဖြတ်ပြီး ရေစကြိုမြို့ထဲကို ရဲကား ၉ စီး စီးနင်း ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်ကလည်း ရဲနဲ့စစ်တပ်ကို  ဆပ်ကြေးပေးကာ လောင်းကစားဝိုင်းတွေ၊ သစ်ခိုးထုတ်တာတွေ လုပ်ကိုင်နေတဲ့ ဝက်ခုတ်ကျေးရွေအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013