DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါခရိုင်အတွင်း စစ်ရှောင်ပြည်သူ ၉၀၀၀ ကျော် အရေးပေါ် အကူညီများ လိုအပ်နေ
DVB
·
November 16, 2021
ဂန့်ဂေါခရိုင်အတွင်း စစ်ရှောင်ပြည်သူ ၉၀၀၀ ကျော် အရေးပေါ် အကူညီများ လိုအပ်နေ
1 / 8
Donate to DVB

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ယောဒေသအတွင်း စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနက်ရိက္ခာ ဆေးဝါးနဲ့ ရေးပေါ် အကူညီတွေလိုအပ်နေတယ်လို့ ဂန့်ဂေါ PDF တပ်ရင်းကနေ သိရပါတယ်။

ဂန့်ဂေါခရိုင် ယောဒေသအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၉၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဂန့်ဂေါ PDF တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာ တောထဲနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရသလို့ တစ်ချို့နေရာတွေမှာတော့ စစ်ရှောင်စခန်းဖွင့်လှစ်ကာ တဲထိုးပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိက လိုအပ်တာကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ မိုးကာနဲ့ စောင်တွေ အရေးပေါ်လိုအပ်ချက်ရှိနေပြီး ရာသီအကူး ဆောင်းရာသီကာလမှာ ဖျားနာသူတွေရှိနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်ထုမြို့မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်က စစ်ရှောင်းစခန်းတွေမှာ လာရောက်ခိုလှုံနေတဲ့ ပြည်သူ ၁၀၀၀ ကျော်ရှိပြီး ပြင်ပမှာ ခိုလှုံနေတဲ့သူက ၂၀၀၀ လောက်ရှိတယ်လို့ ကျော်ထုစစ်ဘေးရှောင်အကူညီပေးရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေဟာ ဖျားနာနေသူများပြားနေပြီး ဆေးဝါးက ရှိကိုမရှိတာ။ ဆေးဝါးတွေ၊ အနွေးထည်တွေ၊ စောင်တွေနဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီက သယ်ယူခွင့်မပေးတာကြောင့် ဆေးဝါးကတော့ လုံးဝပြတ်သွားပြီ။ စားနပ်ရိက္ခာကတော့ ကျနော်တို့တွေ အဆင်ပြေတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပံ့ပိုးပေးထားရတယ်။”

ရာသီအကူးပြောင်းကာလမှာ စစ်ရှောင်ပြည်သူ အများအပြား ဖျားနာနေပြီး ဆေးမစစ်တော့ တုတ်ကွေးလို့ ပြောကြပေမယ့် ကိုဗစ်ရောဂါဖြစ်တဲ့သူတွေရှိနိုင်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာလို့ ဆိုပါတယ်။

ကျောက်ထုမြို့ပေါ်မှာတော့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် နယ်ဘက်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ရံဖန်ရံကာ တိုက်ပွဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင်မှာ တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြောက်ကျားတိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀၀ နီပါးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါ PDF တပ်က ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ ဂန့်ဂေါ PDF တပ်ရင်းဘက်က တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့ရပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဂန့်ဂေါ PDF တပ်ရင်းအနေနဲ့ မောင်းပြန်သေနတ်တွေနဲ့ ကျည်ဆန်တွေ အများအပြားလိုအပ်သလို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆက်သွယ်ရေး စကားပြောစက်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးစကားပြောစက်ရှိမှသာ သတင်းအချက်လက်ရယူရလွယ်ကူမှာဖြစ်သလို ရာသီအကူးကာလမှာ တပ်ဖွဲ့ဝင်တွေ ဖျားနားတဲ့သူများပြားနေပြီး ဆေးဝါး၊ ရိက္ခာ၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်နေပြီး ထောက်ပံတဲ့သူလည်း နည်းပါးလာတယ်လို့ပြောပါတယ်။

ဂန့်ဂေါ PDF တပ်ရင်းအနေနဲ့ ပြည်သူတွေအတွက် အသက်ပေးကာကွယ်ကာ တိုက်ပွဲဝင်နေပြီးတော့ ပြည်သူကို ဗဟိုပြုပြီး NUGအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီဖွဲ့ထားတဲ့ တပ်ရင်းဖြစ်တာကြောင့် ပြည်သူလူထုရဲ့ အထောက်ပံ့ များစွာလိုအပ်ပြီး ထောက်ပံ့ပေးနေတဲ့ ပြည်သူလူထုကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013