DVB Logo
Home
နိုင်ငံရေး
ရှစ်လေးလုံး ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ နိုင်ငံရေး မူဘောင်ချမှတ်
DVB
·
January 11, 2014
ရှစ်လေးလုံး ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ နိုင်ငံရေး မူဘောင်ချမှတ်
Donate to DVB

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခန်းမှာ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု ကြေညာစာတမ်း အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေးတရပ်ကို ဇန်န၀ါရီလ ၁၁ ရက်နေ့နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

[caption id="attachment_50063" align="alignleft" width="300"]ရှစ်လေးလုံး ၂၅ နှစ်မြောက် ငွေရတု အခမ်းအနား မြင်ကွင်း ရှစ်လေးလုံး ၂၅ နှစ်မြောက် ငွေရတု အခမ်းအနား မြင်ကွင်း[/caption]ဒီကနေ့ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးပွဲမှာ နိုင်ငံရေး အခြေခံမူဘောင် အဆိုပြုချက် မူကြမ်း ၄ ချက်ကို ပြင်ဆင်နိုင်ခဲ့ကြပါတယ်။ ပထမအချက်အနေနဲ့ အနာဂတ်ပြည်ထောင်စုဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ရေး၊ ဒုတိယအချက်က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဆောင်ရွက်ရာမှာ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များကို နိုင်ငံရေးလမ်းညွှန် အဖြစ် ခံယူဆောက်ရွက်သွားမှာဖြစ်ပြီး တတိယအချက်အနေနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးမူကို အခြေခံပြီး အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စု ညီလာခံ ကျင်းပရေးနဲ့ နောက်ဆုံးအချက်အဖြစ် အမျိုးသား အင်အားစုများအကြား တန်းတူ၊ ရည်တူ အပြန်အလှန် ညှိနှိုင်းရေးဖြင့် ရရှိလာတဲ့ ပြည်ထောင်စု ညီလာခံရဲ့ ဆုံးဖြတ်ချက်များကို နိုင်ငံတော်ရဲ့ အနာဂတ် မူဝါဒလမ်းညွှန်အဖြစ် ခံယူရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရှစ်လေးလုံး ၂၅ နှစ်မြောက် ငွေရတုကနေပြီး ကြေညာစာတမ်း တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရေစီအင်အားစုများက ညီညွတ်စွာ စည်းဝေးဆုံးဖြတ်လိုက်တဲ့ ကြေညာစာတမ်းမှာ အချက် ၃ ချက်ပါဝင်ပါတယ်။ နံပတ် ၁ အချက်က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု လိုအပ်ကြောင်း အလေးအနက်ခံယူသည်ဟု ပါရှိပြီး ၂ အချက်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်ရန်နဲ့ နောက်ဆုံးအချက်အဖြစ် ငြိမ်းချမ်းရေး၊ အမျိုးသားပြည်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသား အင်အားစုများ ပါဝင်တဲ့ ညီလာခံ တရပ် ကျင်းပနိုင်ရေးတို့အတွက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲကို နိုင်ငံရေးအခြေပြု အဖွဲ့အစည်း ၁၂၀ ကျော်က ကိုယ်စားလှယ် ၁၆၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013