DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့က ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဖမ်းဆီးခံရ
DVB
·
November 15, 2021
မန္တလေးမြို့က ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဖမ်းဆီးခံရ
Donate to DVB

မန္တလေးမြို့မှာ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်းရဲ့ ဥက္ကဋ္ဌ  ဒေါ်နွယ်နွယ်ဝင်းကို နိုဝင်ဘာလ ၁၅ ရက် ညနေ  ၃ နာရီဝန်းကျင်က စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ လာရောက် ဖမ်းဆီးသွားပါတယ်။

ဒေါ်နွယ်နွယ်ဝင်းကို အောင်မြေသာစံမြို့နယ် ၊ ၂၅ လမ်းနဲ့ မြို့ပတ်လမ်းရှိ အသင်းရုံးမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်းအနေနဲ့ ဆောင်းတွင်းမှာ စစ်ဘေးရှောင်တွေအတွက် အဝတ်အထည် အလှူခံတာတွေလုပ်နေတာနဲ့ ပတ်သက်ပြီး လာရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

လာရောက်ဖမ်းဆီးသူတွေက "မင်းတို့ သေချင်ရင် ငါတို့နောက် လိုက်ခဲ့" ဆိုပြီး ခြိမ်းခြောက် ဆဲဆိုသွားတယ်လို့လည်း အသင်းဝင်တွေထံက သိရပါတယ်။

လတ်တလော ဒေါ်နွယ်နွယ်ဝင်းကို စစ်ကောင်စီတပ်က  နန်းတွင်းစစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့သိရပြီး အသင်းဝင်တချို့လည်း တိမ်းရှောင်နေကြရပါတယ်။

Photo Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013