DVB Logo
Home
မြန်မာသတင်း
မိမိပိုင်ဆိုင်ခွင့်ရှိတဲ့ အာဏာကို လူထုက ပြန်တောင်းဆိုဖို့လိုကြောင်း ဆရာဖေမြင့် ပြော
DVB
·
January 11, 2014
မိမိပိုင်ဆိုင်ခွင့်ရှိတဲ့ အာဏာကို လူထုက ပြန်တောင်းဆိုဖို့လိုကြောင်း ဆရာဖေမြင့် ပြော
Donate to DVB

လူထုဟာ မိမိပိုင်ဆိုင်ခွင့်ရှိတဲ့ အာဏာကို ပြန်လည်ရရှိအောင် တောင်းဆိုရယူဖို့ လိုတယ်လို့ ဆရာဖေမြင့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Phay Myint၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ၂၀၁၄ ခုနှစ် မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအခင်း အကျင်းသစ်နဲ့ စိန်ခေါ်မှုများ စကားစစ်ထိုးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီ အကူးအပြောင်းဟာ အစိုးရအတွက် အရေးကြီးပေမယ့် ပြည်သူအတွက်က ပိုအရေးကြီးပါတယ်လို့ စာရေးဆရာဖေမြင့် ပြောပါတယ်။

“ဒီမိုကရေစီ အကူးအပြောင်းသည် ကျနော်စဉ်းစားတယ် လက်ရှိ အစိုးရဖြစ်ဖြစ် နောက် ပြောင်းလာမယ့် အစိုးရဖြစ်စေ အစိုးရအတွက် အရေးကြီးတာဖြစ်ပေမယ့် သိပ်အရေးမကြီးဘူး။ ဘယ်လောက် အရေးမကြီးလည်းဆိုတော့ ကျနော်တို့ ပြည်သူလူထုလောက် အရေးမကြီးဘူး ကျနော်တို့အတွက်က ပိုအရေးကြီးတယ်။ ကျနော်တို့ အတွက်က သာပိုအရေးကြီးပါတယ်။”

အဲ့ဒီ့ စကားစစ်ထိုးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စီစဉ်တာဖြစ်ပြီး ဦးရဲနိုင်အောင်၊ ဦးအောင်သူငြိမ်း၊ ဦးကျော်ဝင်း တို့လည်း ပါဝင် ဆွေးနွေး ကြပါတယ်။

နိုင်ငံရေးပါတီတွေကလည်း လက်ရှိ အစိုးရ အခင်းအကျင်းအတိုင်း လိုက်တာမျိုးတင်မကပဲ ကိုယ်ပိုင်နိုင်ငံရေး အခင်းအကျင်းတွေလည်း စီစဉ်ထုတ်ဖော်သင့်တယ်လို့လည်း စာရေးဆရာ ဖေမြင့် က ထောက်ပြ ပြောဆိုသွားပါတယ်။

“အာဏာခွဲဝေတဲ့ကိစ္စ ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရ ပြည်ထောင်စုအစိုးရနဲ တိုင်းဒေသကြီးအစိုးရ တွေ ကြားမှာ အာဏာခွဲဝေမဲ့အကြောင်းတွေ ဒါလည်းကောင်းပါတယ်။ ဖက်ဒရယ်ဖြစ်ဖို့အတွက် ဒါဟာ အရေးကြီးပါတယ်။ သို့သော် ဒီမိုကရေစီ မူလပိုင်ရှင် ပြည်သူသည် အာဏာခွဲတန်း ပြန်ရဖို့လိုတယ်။ အဲ့တော့ လူထုသည်ကိုယ့်စီရောက်သွားတဲ့အာဏာကို ဟိုလူတွေ ဟိုလူတွေ ခွဲဝေနေတာကို ထိုင်ငေးမနေပဲနဲ့ ငါတို့အာဏာက ဘာဆိုတာကို ပြတ်ပြတ်သားသား ပြဌာန်းကြေညာဖို့ လိုတယ်။ အဲ့တာကို တောင်းဆိုဖို့လည်းလိုတယ်။ အဲ့ဒါကို ရအောင်ယူဖို့ အတွက်ကိုလည်း လူထုထဲက တဦးချင်းသော ပုဂ္ဂိုလ်တွေ လူထုထဲက အဖွဲ့အစည်းတွေသည် အင်မတန်မှ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့အတိုင်း လိုတယ်လို့ ကျနော်ပြောချင်ပါတယ်။”

ပြည်သူတွေရသင့်တဲ့ အာဏာရရှိလာနိုင်မယ်ဆိုရင် ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းသစ် ဖြစ်ပေါ်လာစေနိုင်ပြီး ဒီမိုကရေစီစနစ်ကို ရလာနိုင်မယ်လို့လည်း ဆက်လက်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013