DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျခံ စာရေးဆရာ၊ ကဗျာဆရာများ လွတ်မြောက်ရေးအတွက် လူထုလှုပ်ရှားမှု
DVB
·
November 15, 2021
အကျဉ်းကျခံ စာရေးဆရာ၊ ကဗျာဆရာများ  လွတ်မြောက်ရေးအတွက် လူထုလှုပ်ရှားမှု
1 / 7
Donate to DVB

နိုင်ငံတကာက အကျဉ်းကျခံနေရတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ  လွတ်မြောက်ရေးအတွက် လူထုပါဝင်လှုပ်ရှားမှုကို ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်က စတင်ပြီး  ၅ ရက်ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒီလှုပ်ရှားမူကာလအတွင်းမှာ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ စာရေးဆရာ သန်းမြင့်အောင်၊ မောင်သာချို၊ ထင်လင်းဉီး၊ ဝေမိုးနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ ကဗျာဆရာ မောင်ယုပိုင်နဲ့ သုမာ စသူတွေရဲ့ စာပေလက်ရာတွေ ကဗျာဆရာတွေရဲ့ ကဗျာတွေကို မိတ်ဆွေတွေနဲ့ ‌ မျှဝေဖတ်ရှုတာ ဂုဏ်ပြုရွတ်ဆိုတာတွေ ဘာသာပြန် ဖြန့်ဝေတာတွေပြုလုပ်ကြမယ်လို့ နိုင်ငံတကာ စာရေးဆရာ အသင်း PEN International ရဲ့ အကျဉ်းကျ စာရေးဆရာများ လွတ်မြောက်ရေးလှုပ်ရှားမှု WIPC တာဝန်ခံ မသီတာ (စမ်းချောင်း) က ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ် နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့တဲ့ ကဗျာဆရာ ကေဇဝင်း၊ ခက်သီတို့ရဲ့ ကဗျာတွေကိုရွတ်ဆို ဖြန့်ဝေတာတွေ တော်လှန်ရေးမှာကျဆုံးခဲ့တဲ့ ‌အဆိုတော် ရေမွန်ရဲ့ သီချင်းတွေ သီဆိုဖြန့်ဝေ ဂုဏ်ပြုတာတွေ အကျဉ်းကျနေတဲ့ ငြိမ်းချမ်းရေး ရီဂေးအဆိုတော် စောဖိုးခွားသီချင်းတွေသီဆို ဖြန့်ဝေ ဂုဏ်ပြုတာတွေလည်း စဉ်းစားပေးကြဖို့ စာရေးဆရာ နေဘုန်းလတ်က တိုက်တွန်းပါတယ်။ 

WIPC campaign worldwide ကို လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်ကတည်းကစခဲ့တာဖြစ်ပြီး အကျဉ်းကျစာရေးဆရာ တွေဆီကို အမှတ်တရ Post Card ပေးပို့တာ၊ ပေးစာတွေရေးသား ပေးပို့ကြတဲ့ Letter Writing Campaign လုပ်တာ၊ လူထုတွေ့ဆုံပွဲ စည်းဝေးပွဲတွေမှာ သူတို့အတွက် ထိုင်ခုံအလွတ်တခုခင်းကျင်းထားရင်း  အကျဉ်းကျ စာရေးဆရာရဲ့ ပိုစတာ ဓာတ်ပုံ စာအုပ် တခုခု ကို ထိုင်ခုံပေါ်မှာ တင်ပြထားပြီး အမှတ်တရ ဂုဏ်ပြုနေရာပေးတဲ့ Empty Chair စတာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။

ဒါ့အပြင် အကျဉ်းကျ စာရေးဆရာ ကဗျာဆရာတို့ရဲ့ စာပေလက်ရာတွေကို ဘာသာပြန် ဖြန့်ချိတာ၊ ဖတ်ကြားဂုဏ်ပြုတာ၊ မိသားစုဝင်တွေဆီကို လည်ပတ်တွေ့ဆုံ အားပေးတာတွေ၊ အစိုးရတွေဆီမှာ တောင်းဆိုလှုပ်ရှားမူတွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတောင်းဆိုတာတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတွေမှာ ထည့်သွင်းတင်ပြ တောင်းဆိုတာတွေ အမျိုးစုံ ပါဝင်လှုပ်ရှားလေ့ရှိကြပါတယ်။ 

အခုလိုပြင်ပအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက မေ့လျော့မနေကြဘဲ ဂုဏ်ပြု အသိအမှတ်ပြုတာတွေ‌ဟာ အကျဉ်းကျနေတဲ့ စာရေးဆရာ ကဗျာဆရာတွေအတွက် အရေးကြီးတဲ့အကြောင်း၊ အကျဉ်းကျခံ အနုပညာရှင်တွေရဲ့ နာမည်တွေဟာ လူအများမြင်ကွင်းက နေ မေ့လျော့ပျောက်ကွယ်မနေဖို့  စစ်အာဏာရှင်ရဲ့ ဖိနှိပ်မူလက်အောက်မှာ တိမ်မြုပ်ပျောက်ကွယ်မသွားဖို့အရေးကြီးတဲ့အကြောင်း  စစ်အစိုးရလက်ထက် ကိုယ်တိုင် အကျဉ်းကျခံခဲ့ရဖူးတဲ့  စာရေးဆရာမ မသီတာ (စမ်း‌ချောင်း) နဲ့  နေဘုန်းလတ်တို့က ဒီဗွီဘီကို ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်  စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ စာရေးဆရာ ကဗျာဆရာ ဂျာနယ်လစ် စုစုပေါင်း ၅၀ ကျော်လောက်ရှိတယ်လို့  AAPP  ကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013