DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေလုပ်သားတွေ သပိတ်စခန်းပြောင်းရွှေ့ပေးမည့် သဘောတူညီချက်ပျက်ပြယ်
DVB
·
January 11, 2014
မိုးထိမိုးမိ ရွှေလုပ်သားတွေ သပိတ်စခန်းပြောင်းရွှေ့ပေးမည့် သဘောတူညီချက်ပျက်ပြယ်
Donate to DVB

မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက ရမည်းသင်းရဲတပ်ဖွဲ့နဲ့ သပိတ်စခန်းပြောင်းပေးရေး ညှိနှိုင်းမှုတခုကို လုပ်ဆောင်ခဲ့ပြီး ညနေပိုင်းမှာ အားလုံးပျက်ပျယ်ခဲ့ရပါတယ်။

[caption id="attachment_29852" align="alignleft" width="300"]မိုးထိမိုးမိ ရွှေလုပ်သားများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ် မိုးထိမိုးမိ ရွှေလုပ်သားများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ်[/caption]

ပုဒ်မ ၈ တရားမ၀င် ဆိုင်ကယ် သယ်ဆောင်မှုနဲ့ ဖမ်းဆည်းထားတဲ့ မိုးထိမိုးမိရွှေလုပ်သားနှစ်ဦးဖြစ်တဲ့ မအိမွန်ကျော်နဲ့ကိုအောင်ဆန်းလင်း ကို ပြန်လွှတ်ပေးရင် သပိတ်စခန်းချထားတဲ့ ရွှေမြင်တင် တောင်ပေါ်ကနေပြောင်းရွှေ့ပေးမယ်လို့ ဇန်န၀ါရီလ ၁၀ ရက်နေ့ မနက်က ရမည်းသင်းရဲစခန်းနဲ့ ပဏာမညှိနှိုင်း သဘောတူခဲ့ပေမယ့် ညနေပိုင်းမှာတော့ ပျက်ပြယ်ခဲ့ပါတယ်။

ရမည်းသင်းရဲစခန်းက တာဝန်ရှိသူတွေက သူတို့ ဖမ်းဆည်းထားတဲ့ မိုးထိမိုးမိ လုပ်သားနှစ်ယောက်ကို ပြန်မလွှတ်ပေးသေးပဲ နောက်ထပ်ပုဒ်မတွေတပ်ပြီး ထပ်စွဲဆိုလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ ရွှေမြင်တင်သပိတ်စခန်းက မိုးထိမိုးမိ အလုပ်သမားတွေကတော့ နောက်ထပ်ပြသနာတွေ ထပ်မတက်ချင်တော့လို့ ပဏာမညှိနိုင်းမှုကို သဘောတူခဲ့တာပါ။

ရွှေလုပ်သားတွေအနေနဲ့ မူလက တောင်းဆိုမှုဖြစ်တဲ့ မူရင်းလုပ်ကွက်တွေမှာ လုပ်ငန်းလုပ်ကိုင်ခွင့်အစား ကုမ္ပဏီပိုင်မြေရဲ့ လွတ်ကင်းတဲ့နေရာမှာ ရွှေလုပ်ကွက်တွေ ရဖို့ ပြင်ဆင်တောင်းဆိုခဲ့ပေမယ့် ခုချိန်ထိ လိုက်လျှောခြင်း မရှိတဲ့အပြင် ဖမ်းဆီးအရေးယူမှုတွေ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013