DVB Logo
Home
မြန်မာသတင်း
သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းရှိ စစ်ရှောင်များ နေရပ်ပြန်
DVB
·
November 15, 2021
သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းရှိ စစ်ရှောင်များ နေရပ်ပြန်
1 / 9
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က အချို့ရွာတွေမှာ တိုက်ပွဲပြင်းထန်းလာတာကြောင့် နိုဝင်ဘာ ၇ ရက်နေ့က သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းမှာ တိုက်ပွဲရှောင်လာကြတဲ့ ပြည်သူ ၄၁၈ ဦး နိုဝင်ဘာ ၁၄ ရက်နေ့က နေရပ်ပြန်သွားကြတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

သီပေါမြို့နယ် SNLD လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်းက "လူဦးရေ ၄၁၈ ဦးရှင့် ပြန်သွားတာ။ အကုန်လုံးပြန်သွားပြီရှင့်။ ပြန်သွားပြီဆိုပေမယ့် ချောင်းဆုံအုပ်စုက ရွာထိ မပြန်နိုင်သေးဘူး" လို့ DVB ကို ပြောပါတယ်။ 

အိမ်ခြေ ၁၁၃ အိမ်ရှိ ချောင်းဆုံရွာ တရွာလုံးကတော့ ရွာထဲထိ ပြန်လို့မရဘဲ ရွာနီးနားက ရွာတွေမှာပဲ ပြန်နေပြီး ထပ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ရွာခံတွေအနေနဲ့ တိုက်ပွဲအခြေအနေ နည်းနည်းငြိမ်သွားပေမယ့် လယ်ယာ၊ ခြံမြေတွေ သွားလို့ မရတာကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေတော့ ဆက်လက်ပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ နန်းမွမ်းမွမ်းပေါင်းက ပြောပါတယ်။

"သူတို့ရွာက လုံးဝ ပြန်နိုင်မယ့် အခြေအနေမရှိဘူးရှင့်။ အဲဒီ ဆွန်လုံအုပ်စု တစုလုံးက ခက်ခဲတယ်။ သူတို့က စားနပ်ရိက္ခာလည်း ဖူလုံမှု မရှိဘူး။ ပြီးရင် သူတို့က သွားလမ်း လာလမ်းခက်ခဲတဲ့ ဒေသ ဖြစ်တယ်ရှင့်။ သူတို့အတွက်တော့ ဆက်ပြီး ထောက်ပံ့ဖို့ အကူအညီ လိုဦးမှာရှင့်။" 

နိုဝင်ဘာ ၁၄ ရက်နေ့က သီပေါမြို့ပေါ်ရှိ အောင်မင်္ဂလာ ဘိုးတော်ကျောင်းကနေ ဟာလျံ၊ ဆွန်လုံ၊ ချောင်းဆုံ စတဲ့ သုံးရွာက ဒေသခံတွေ နေရပ်ပြန်ကြတာဖြစ်ပြီး ချောင်းဆုံရွာကတော့ ဟာလျံနဲ့ ဆွန်လုံရွာတွေမှာ ပြန်ခိုလှုံရမှာဖြစ်ပြီး နေရပ်ပြန် စစ်ရှောင်တွေကို နှလုံးသားပရဟိတအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းက သိရပါတယ်။ 

သီပေါမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ လချီကြာနေပြီဖြစ်ပြီး စစ်ဖြစ်ရာနေရာ အနီးအနားရွာတွေက လက်ရှိထိ တိမ်းရှောင်နေကြရတဲ့အပြင် လုပ်ကိုင်စားသောက်လို့ မရတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

Pra Jaw

Photo - နန်းဥမ္မာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013