DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်နေ့ မြစ်ကြီးနားမှာ ကျင်းပ
DVB
·
January 10, 2014
ကချင်ပြည်နယ်နေ့ မြစ်ကြီးနားမှာ ကျင်းပ
Donate to DVB

၆၆ နှစ် မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ်အစိုးရက ဦးစီးပြီး မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံးရှေ့ ကွင်းပြင်မှာ ကျင်းပခဲ့ပါတယ်။

Kachin Manawအခမ်းအနားမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း တစ်ဦးတည်းကဘဲ မိန့်ခွန်းပြောခဲ့တယ်လို့ အခမ်းအနား တက်ရောက်ခဲ့သူ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရီက ခုလိုပြောပါတယ်။

“အစိုးရအဖွဲ့က လုပ်ခဲ့တာတွေ ပြောသွားတယ်။ နောက်ပြီးတော့ တိုင်းရင်းသားမျိုးနွယ်တွေ အားလုံး စုစုစည်းစည်းရှိဖို့ တိုင်းရင်းသားမျိုးနွယ်တွေကို အဆင့်အတန်း မရွေးပဲ အမျိုးဘာသာ မရွေးပဲ ကူညီရိုင်းပင်း သွားတယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောသွားတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။ ၈ နာရခွဲလောက် ပြီးတယ်။ အခမ်းအနားပြီးတော့ ကချင်မနောအက ကတယ်။ ထမင်းထုတ်တွေ ဝေတယ်။”

ဒီကနေ့ မနက်က ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းနဲ့ ဖိတ်ကြားထားတဲ့ လူထုလူတန်းစား အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်တွေ စုစုပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ပြီး ညနေကျရင်တော့ မြို့တော်ခန်းမမှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားပွဲ ရှိကြောင်း ဒေါ်ခင်ပြုံးရီက ဆက်ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ပြန်ဖြစ်ကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ထားစဉ်ကလို မဟုတ်ဘဲ စည်စည်းကားကား မကျင်းပနိုင်တာ ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် မနောပွဲ ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးလရှီလာအောင်က ခုလိုပြောပါတယ်။
“စစ်ဖြစ်နေလို့ နယ်မြေလုံခြုံမှုမရှိလို့။ ပျော်ပွဲရွှင်ပွဲလုပ်တော့ မြစ်ကြီးနားမြို့ထဲမှာ စစ်ရှောင် ဒုက္ခသည်တွေ တအားများနေတယ်။ သူတို့ ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့က ကကြခုန်ကြတာ လုပ်ရင် မကောင်းဘူး။ ပြီးတော့ လုံခြုံရေးကလည်း တခုခုဖြစ်လာရင် ဘယ်သူတာဝန်ယူမလဲ ဆိုတော့ အဲဒါကြောင့် မလုပ်ဖြစ်တာပါ။”
ခုလို ကချင်ပြည်နယ်နေ့ ပျော်ပွဲရွှင်ပွဲ မကျင်းပနိုင်လို့ ရိုးရာယဉ်ကျေးမှုပေါ် ဘာမှ ထိခိုက်မှု မရှိပေမယ့်လည်း ကချင်ပြည်နယ်အရပ်ရပ်က တိုင်းရင်းသားပေါင်းစုံတွေ အရင်လို လာရောက် စုံဆည်း နီးစပ်ခွင့်နည်းပါးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ၆ ရက်အကြာ ပါလီမန်ဒီမိုကရေစီအစိုးရ လက်ထက်မှာ ကချင်ပြည်နယ် အဖြစ် စတင် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီ ဇန်န၀ါရီလ ၁၀ ရက်နေ့ကို အစွဲပြုပြီး ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013