DVB Logo
Home
မြန်မာသတင်း
“အားလုံးတော်လှန် တို့ကျောင်းသားအသံ” နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားထုအစည်း အဝေး လုပ်မည်
DVB
·
November 14, 2021
“အားလုံးတော်လှန် တို့ကျောင်းသားအသံ” နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားထုအစည်း အဝေး လုပ်မည်
Donate to DVB

“အားလုံးတော်လှန် တို့ကျောင်းသားအသံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားထု အစည်းအဝေးကြီးကို နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက်တိုင် Online ကနေ လုပ်သွားမယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ လက်ရှိ ဗမာ့နိုင်ငံရေးအခြေအနေ၊ ကြားကာလပညာရေးစနစ်၊ ဖက်ဒရယ်ပညာရေး၊ စစ်ကျွန်ပညာရေးစနစ်အပေါ်ရှုမြင်ချက်များ၊ ကျောင်းသားထုအခွင့်အရေး၊ သပိတ်တိုက်ပွဲ စတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပြီး စစ်ကျွန်ပညာရေးစနစ်ကိုလည်း အခြေခံပညာကျောင်းသားထုတစ်ရပ်လုံး သပိတ်မှောက်‌နိုင်ရေး ကြိုးပမ်းဖော်ဆောင်သွားမယ်လို့ အစည်းအဝေးဖြစ်မြောက်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးက တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအသီးသီးရှိ  လူမျိုးဘာသာ ကျားမ မရွေး အခြေခံပညာကျောင်းသားဟူသမျှ တက်ရောက်ပူးပေါင်းပေးနိုင်ကြဖို့ ဖိတ်ခေါ်ထားပြီး (https://forms.gle/Qi7kahprSzPyA1bk6) အစည်းအဝေးတက်ရောက်လိုသူတွေအနေနဲ့ ဖော်ပြပါ Google Form ကို ပြည့်စုံစွာဖြည့်စွက်ကာ အစည်းအဝေးမစတင်မီ လေးနာရီခန့် အလိုမှာ Zoom Meeting Link တွေကို Email ကနေ တစ်ဆင့် ပေးပို့သွားမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားထု အစည်းအဝေးကို ညနေ ၅ နာရီခွဲကနေ ည ၈ နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013