DVB Logo
Home
မြန်မာသတင်း
သေနတ်တွေအားလုံး ချထားပြီး တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ရမည်
DVB
·
January 10, 2014
သေနတ်တွေအားလုံး ချထားပြီး တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ရမည်
Donate to DVB

လက်ရှိအစိုးရနဲ့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သေနတ်တွေ ချထားပြီး တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေမျိုး ဖြစ်ရမယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။

[caption id="attachment_24125" align="alignleft" width="300"]ကိုမင်းကိုနိုင် ကိုမင်းကိုနိုင်[/caption]လက်ရှိအစိုးရအနေနဲ့ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးတွေရဖို့ ညှိနှိုင်းဆွေးနွေးနေသော်လည်း တဖက်မှာ အပစ်အခတ်တွေ ရှိနေသေးပါတယ်။

တိုင်းရင်းသားတွေနဲ့ အပစ်အခတ်တွေ ရှိနေသေးတဲ့အတွက် ဒီလုပ်ငန်းစဉ်တွေဟာ သေနတ်တွေ ချထားပြီး တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေမျိုး ဖြစ်ရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ နားလည်တဲ့ ငြိမ်းချမ်းရေးဆိုတာက သေနတ်သံတွေ ဆိတ်နေရုံနဲ့တော့ မရဘူး။ သေနတ်သံ ဆိတ်နေတာဟာ သေနတ်မောင်းတင်နေတာမျိုး မဖြစ်ရဘူး။ သေနတ်တွေ အားလုံး ချထားပြီးတော့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ရမယ်။ အဲဒီအတွက်ဆိုရင် ဒီ ၂ ခုမှာ ဘယ်ဟာက အရင်စရမလဲ ဆိုတဲ့ ပြဿနာက ရှေ့တန်းရောက်လာတယ်။ သေချာတာ တခုကတော့ တယောက်နဲ့ တယောက် တကယ် ယုံကြည် စိတ်ချတယ်ဆိုရင် ဘယ်လိုပဲ လုပ်လုပ် ရတယ်ဗျ။ အဲဒီတော့ လက်နက်ကိုင်နဲ့ အစိုးရက ယုံကြည်မှုကို ဘယ်လို ပြကြမလဲ။ ယုံကြည်အောင် လုပ်လိုက်ရင် ယုံတယ်ပေါ့ဗျာ။ အဓိကက အဲဒါပဲ။ ဘယ်ဟာက ပထမဆိုတာက ငြင်းကြရင် ဆုံးမှာ မဟုတ်ဘူး။”

ဒီနှစ် နှစ်လည်လောက်မှာ နှစ်ဘက်သဘောတူညီတဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“နှစ်ဘက် သဘောတူညီနိုင်အောင်လို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် မူဘောင်ချမှတ်ရေး အစည်းအဝေးတခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ ရည်မှန်းချက်ကတော့ ဖြစ်နိုင်ဖွယ်ရှိရင် အစစအရာရာ အဆင်ပြေမယ်ဆိုရင် အခု ဇန်န၀ါရီလထဲမှာ လေးဝါးမှာ ဘားအံပွဲ ရှိမယ်။ ဒါပြီးရင် ဖေဖော်ဝါရီလထဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကျနော်တို့ အနေနဲ့ မျှော်လင့်ထားတယ်။ ပြီးရင် မတ်လထဲမှာ မူဘောင်ချမှတ်ရေး အစည်းအဝေးလို ဟာမျိုးတွေ ရှိနိုင်သေးတော့ ဧပြီ မေလောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲ စနိုင်မယ်ဆိုရင်တော့ ကျနော်တို့အတွက် ပိုပြီးတော့ အားလုံးမျှော်လင့်တဲ့ ဟာဘက်ကို သွားနိုင်မယ်။”

ပြီးခဲ့တဲ့ မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်ခြင်း မရှိခဲ့တဲ့ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့တို့လည်း ဒီတခေါက် ဘားအံ ဆွေးနွေးပွဲကို ကြိုဆိုနိုင်တယ်လို့ ငြိမ်းချမ်းရေလမ်းစဉ်နဲ့ ပတ်သက်ပြီး အကြံပေးသူတဦးဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦးက အခုလိုပြောပါတယ်။

“ဒီအဖွဲ့ ၂ ဖွဲ့နဲ့ ပတ်သက်လို့တော့ ဘယ်လိုမျိုး သူတို့ တက်မယ် မတက်ဘူးဆိုတာ ကျနော်တို့မှာ အချက်အလက်တော့ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့ နားလည်သလောက်ကတော့ UWSA နဲ့ မိုင်းလား အဖွဲ့ တွေကြတော့ သူတို့က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးက လုပ်ထားပြီးပြီ၊ အပစ်အခတ် ရပ်စဲရေး ဆိုတာ ရှိနေတာကိုလည်း သူတို့ အသိအမှတ်ပြုထားပြီးပြီဆိုတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်မယ်ဆိုရင်လည်း သူတို့အနေနဲ့ ကြိုဆိုမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်မြန်မာနယ်စပ်ရှိ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ ညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို သဘောတူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013