DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ဟောပြောပွဲ လူထု ၅ သောင်းခန့်တက်ရောက်ခဲ့
DVB
·
January 10, 2014
ကလေးမြို့ဟောပြောပွဲ လူထု ၅ သောင်းခန့်တက်ရောက်ခဲ့
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ ဟောပြောပွဲအတွင်း လူထု ၅ သောင်းခန့် တက်ရောက်နားထောင်ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် အပြီး စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇန်န၀ါရီ ၁၀ ရက် ဒီနေ့ မနက် ၉ နာရီမှာ လူထုတွေကို ဟောပြောခဲ့ပါတယ်။

DASSKinKalay10012014ဒီဟောပြောပွဲအတွင်း လူထု ၅ သောင်းလောက် တက်ရောက်ခဲ့ပြီး အားလုံးနီးပါး ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ဖို့ ဆန္ဒမဲပေးခဲ့ကြတယ်လို့ ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ အဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ရဲ့ ဘဏ္ဍာရေးမှူး ဦးလှဦး ပြောပါတယ်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ မနက် ၉ နာရီမှာ စပါတယ်။ တိုင်းရင်းသားတွေက ခရီးလမ်းတလျှောက်လုံးမှာ တိုင်းရင်းသားရိုးရာ အကတွေနဲ့ ဖျော်ဖြေပါတယ်။ ကွင်းထဲရောက်တော့ တိုင်းရင်းသား ရိုးရာ ၀ါးညှပ်အကနဲ့ ဖျော်ဖြေပါတယ်။ ရှင်းရိုးရှင်းစဉ်အတိုင်း ဦးထွန်းထွန်းဟိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ လိုအပ်ချက်တွေ ရှင်းတယ်။ နောက် ပြင်ဆင်ရမယ့် ဥပဒေတွေကို ဦးဌေးဦးက ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မိန်းခွန်းအနေနဲ့ တိုင်းရင်းသားတွေ အခြေပြုပြီးတော့ တိုင်းရင်းသား ရေးရာနဲ့ ပတ်သက်ပြီး ပြောသွားပါတယ်။ လူက ကျနော့်အထင် ၅ သောင်းလောက် တက်မယ်ထင်တယ်။ အဓိက တိုင်းရင်းသားတွေ တက်တာပါ။ ကလေးခရိုင်ထဲမှာ ရှိတဲ့ မြို့နယ်တွေ၊ ကလေးခရိုင်ထဲမှာရှိတဲ့ ရွာတွေ နောက်တခါ မုံရွာဘက်ကော တမြို့နယ် တရွာတွေကို ကား ၄၊ ၅ စီးနဲ့ လာကြတယ်ခင်ဗျ။ အဲဒီမှာ ပိုပြီး အင်အားတောင့်သွားတယ်။”

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောဆိုရာမှာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအချက်တွေ၊ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ဆန့်ကျင်ဘက် ရေးသားချက်တွေကို တိတိကျကျ ရှင်းပြခဲ့ပါတယ်။

ဒါအပြင် တပ်မတော်နဲ့ ပတ်သက်ပြီး ပြောကြားရမှာ တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုကနေ မွေးဖွားလာတဲ့ တပ်ဖြစ်တဲ့အတွက် စစ်တပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်ရော တိုင်းသူပြည်သားတွေကို စောင့်ရှောက်ပြီး ပြည်သူလူထုရဲ့ ထောက်ခံတဲ့ အလုပ်ကို လုပ်ဖို့လည်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကလေးမြို့မှာ မိန့်ခွန်းပြောကြားပြီး နေ့ခင်းပိုင်းမှာတော့ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီလ ၆ ရက်နေ့က စတင်ခဲ့ပြီး ဒီနေ့မှာ အဆုံးသတ်ခဲ့ပါတယ်။

လာမယ့်အပတ်မှာတော့ ကရင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013