DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ဖို့ နှစ်ဖက်အစိုးရ တွေ့ဆုံ ဆွေးနွေးမည်
DVB
·
January 10, 2014
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ဖို့ နှစ်ဖက်အစိုးရ တွေ့ဆုံ ဆွေးနွေးမည်
Donate to DVB

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံနယ်စပ်အကြားမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကုန်သွယ်မှုက ကျဆင်းမှု ရှိနေတဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုကို ပြန်လည်မြှင့်တင်နိုင်ဖို့ နှစ်ဖက်အစိုးရအဖွဲ့က အဆင့်မြင့်ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

လက်ရှိမှာဆိုရင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံနယ်စပ်အကြားမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ၂ နိုင်ငံ နယ်စပ်ကုန်သွယ်မှုက ကျဆင်းမှု ရှိနေတာပါ။

Bangala -Myanmar Trader Borderဒီအတွက် ၂ နိုင်ငံ ကုန်သွယ်မှုကို ပြန်လည်မြှင့်တင်ဖို့အတွက် နှစ်ဖက်အစိုးရအဖွဲ့က ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ ပတ်သတ်လို့ နှစ်ဖက်အစိုးရအဖွဲ့က အဆင့်မြင့်ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်ဝင်ဦးရေ အယောက် ၇၀ နီးပါး ပါဝင် တွေ့ဆုံကြဖို့ ရှိပါတယ်။

ဒီတွေ့ဆုံပွဲကို နေပြည်တော်မှာ ဇန်န၀ါရီ ၁၄ နဲ့ ၁၅ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂ နိုင်ငံ တွေ့ဆုံမှုမှာ အလေးထား ပြောဆိုဖို့မယ့်အကြောင်းအရာကလဲ ရေလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားကြဖို့ကိစ္စနဲ့ ကုန်သွယ်မှုဆိုင်ရာ ရေလမ်းကြောင်းဖွင့်ရေးကိစ္စ အပါအ၀င် မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဂတ်စ်ကို သုံးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေအပေါ် ဆွေးနွေးကြဖို့ ရှိပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ကုန်သွယ်မှုအခြေအနေက ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကုန်သွယ်မှုက ကျဆင်းမှု ရှိခဲ့တာဖြစ်ပေမယ့် ဒီ အဖြစ်အပျက် မတိုင်မီ အစောပိုင်းကာလတွေမှာတော့ ကုန်သွယ်မှုက နှစ်စဉ် အနည်းငယ် တိုးတက်မှု ရှိခဲ့တာပါလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်မှုက နိုင်ငံရေးအခြေအနေ တည်ငြိမ်လာတာနဲ့အမျှ အကျိုးအမြတ် ရရှိလာမှာ ဖြစ်တဲ့အကြောင်း သူက အခုလို သုံးသပ် ပြောပါတယ်။

“ကျနော်တို့ဆီက ဟိုတုန်းက ရေထွက်ကုန်စည်တို့ ဆန်တို့ တော်တော်များ ဘင်္ဂလားဒေ့ရှ် ကိုသွားတာပေါ့။ ကျနော်တို့ ပြဿနာက နိုင်ငံရေးအခြေအနေနဲ့ ဆိုင်တယ်။ နိုင်ငံရေးအခြေအနေ ကောင်းရင် တို့ဆီက ကုန်စည်တွေ သူတို့ အများကြီးဝယ်ဖို့ရှိတာပေါ့။”

ဒီပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ လူဦးရေ သိပ်သည်းမှုကြောင့် သူနိုင်ငံရဲ့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် မြန်မာနိုင်ငံက မွေးမြူရေးငါးမြစ်ချင်းကို နှစ်စဉ် တင်သွင်းမှု ရှိနေတာပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာ ငါးမြစ်ချင်းမွေးမြူရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ထံ လာရောက် ဆွေးနွေးမှုတွေ ရှိတယ်ဆိုပေမယ့်လည်း လက်တွေ့မှာတော့ အကောင်အထည် မဖော်သေးဘူးလို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံအတွက် အလားအလာ ကောင်းတဲ့ ပို့ကုန်ဈေးကွက်တခုအနေနဲ့ ရှိနေတဲ့အကြောင်း သူက အခုလို ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့ ကုန်သွယ် ဆက်ဆံမှုဟာ အရင်တုန်းက ရှိတဲ့အတိုင်း အခုရှိနေတဲ့အတိုင်း ရှေ့ရှိနေတဲ့အတိုင်းကတော့ အလားအလာ အကောင်းဆုံးနဲ့ အခြေအနေ အကောင်းဆုံး သူတို့ဘက်က အမြဲလိုအပ်နေတာကတော့ မွေးမြူရေးငါးပဲ။ အဲဒီ ကိစ္စက သူတို့လည်း စိတ်ဝင်စားတယ်။ သူတို့ရဲ့ လိုအပ်ချက်က ကြီးနေတယ်ဆိုတော့ ကျနော်တို့ကလည်း ဈေးကွက် အသီးသီးကို ပို့တဲ့အထဲမှာ သူတို့နိုင်ငံရဲ့ ဈေးကွက် အားပြုပြီးတော့ ထုတ်နေရတာဖြစ်တယ်။ အဲဒီ ကိစ္စက ဆက်ပြီးတော့ သူတို့လည်း လုပ်ချင်တယ်ဆိုရင် လုပ်လို့ရတဲ့နည်းရှာပြီး လုပ်ရမှာပေါ့ဗျာ။”

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ကုန်သွယ်မှုမှာ ယခု ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ဧပြီလမှ ဒီဇင်ဘာလအထိကို မြန်မာနိုင်ငံဘက်က အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရရှိခဲ့ပြီးတော့ ပို့ကုန်အနေနဲ့ ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန်တွေကို အများဆုံးတင်ပို့မှု ရှိနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013