DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြမိုးထိမိုးမိလုပ်သား ၂ ဦး တရားမ၀င်ဆိုင်ကယ်သယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရ
DVB
·
January 9, 2014
ဆန္ဒပြမိုးထိမိုးမိလုပ်သား ၂ ဦး တရားမ၀င်ဆိုင်ကယ်သယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရ
Donate to DVB

ရွှေလုပ်ကွက်တွေ ရရှိရေး ဆန္ဒပြကြတဲ့ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသက ရွှေလုပ်သားတွေထဲက ၂ ဦးကို တရားမ၀င်ဆိုင်ကယ် သွင်းကုန်ထုတ်ကုန် ပုဒ်မ ၈ နဲ့ ရမည်းသင်း မြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက မိုးထိမိုးမိလုပ်သားတွေဟာ သူတို့ တောင်းဆိုတာတွေကို ဖြေရှင်းပေးဖို့ ရွှေမြင်တင်သပိတ်စခန်းကနေ နေပြည်တော်က သမ္မတအိမ်တော်ကို လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။ ဒါပေမယ့် ရမည်းသင်းမြို့အ၀င်မှာ ရဲအင်အား ၄၀ ကျော်ခန့်က ခုလို ပိတ်ဆို့ တားဆီးတာ ခံခဲ့ရပါတယ်။

[caption id="attachment_29852" align="alignleft" width="300"]မိုးထိမိုးမိ ရွှေလုပ်သားများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ် မိုးထိမိုးမိ ရွှေလုပ်သားများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ်[/caption]အဲဒီနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ပါလာတဲ့ ဘုန်းကြီး ၁ ပါးကို တဖက်နဲ့တဖက် အပြန်အလှန် လုယက်ခဲ့ကြတယ်လို့ ဆန္ဒပြသမားတွေက ပြောပြပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဒေါ်အိမွန်ကျော်နဲ့ ဦးအောင်ဆန်းလင်းတို့ စီးနင်းလာတဲ့ ၃၁ ဃ / ၆၅၉၃၃ ဆိုင်ကယ်ကို တရားမ၀င် သွင်းကုန်ထုတ်ကုန် ပုဒ်မ ၈ ဖြင့် လူနဲ့ ဆိုင်ကယ်ကို ရမည်းသင်း မြို့မရဲစခန်းက ဖမ်းဆီးခဲ့တယ်လို့ ဒေါ်အိမွန်ကျော်ရဲ့အမျိုးသား ဦးရဲရင့်ထွန်းက ပြောပါတယ်။
လိုင်စင်ရှိ၊ မရှိကိုလည်း ရဲစခန်းဘက်က ဆက်သွယ် မေးမြန်းတာမျိုးလည်း မလုပ်ဘူးလို့ ဆိုပါတယ်။

ရမည်းသင်း မြို့မရဲ့စခန်းက စခန်းမှူး သန်းကိုကတော့ လိုင်စင် မပြနိုင်ရင် တရားမ၀င် ပို့ကုန်သွင်းကုန် ပုဒ်မ ၈ အရ ဖမ်းဆီးခွင့်ရှိတယ်လို့ ပြောဆိုပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ကို တရားစွဲဆိုတာမျိုး မဟုတ်ပဲ လက်ရှိ စီးနင်းလာသူကို ဖမ်းဆီးလို့ ရတယ်လို့ ပြောပါတယ်။
“သတ်မှတ်ချိန်မှာ အထောက်အထား မပြနိုင်ရင် သိမ်းလိုက်တာပေါ့။ သတ်မှတ်ချိန်မှာ မပြနိုင်ရင် ချက်ခြင်းအကြောင်းမပြန်နိုင်ရင် လိုင်စင်မဲ့ဖြစ်သွားပြီ။ တရားရုံးရောက်သွားမယ်။ ရောက်ရင် တရားခွင်မှာတော့ သက်သေပြန်ပြခွင့်ရှိသွားပြီ။ ပြစ်ဒဏ်ကတော့ ၃ နှစ်အထိရှိတယ်။ ဆိုင်ကယ် ကုမ္ပဏီကြီးတွေ အတွက် ဖွင့်ထားတဲ့ ပုဒ်မပေါ့ဗျာ။”

ဖမ်းဆီးခံရသူတွေရဲ့ ဆိုင်ကယ်ဟာ လိုင်စင်ရှိပေမယ့် ရဲတွေဘက်ကတော့ ခုထိ ဆက်သွယ်တာမျိုး မရှိသေးပဲ ရုံးတင်တဲ့နေ့ရောက်မှ သက်သေ ထွက်ဆိုခွင့်ရှိမယ်လို့ ပြောပါတယ်။
ဒီ အဖမ်းအဆီးဖြစ်ပွားပြီးတဲ့နောက် ဆန္ဒပြသမားတွေက သူတို့ မူလကတောင်းဆိုထားတဲ့ ရွှေလုပ်ကွက်နေရာတွေမှာ ပြန်လုပ်ကိုင်ခွင့် အစား တခြား လွတ်ကင်းတဲ့ ရွှေထွက်ရာနေရာ တွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့ကို ဒီနေ့မှာပဲ ခရိုင်ရုံးတွေကို ပြင်ဆင်လျှောက်ထားလိုက်ကြပါတယ်။
မိုးထိမိုးမိဆန္ဒပြ ခေါင်းဆောင် ဦးဝင်းအောင်က “ကိုယ့်ဘ၀ရပ်တည်နိုင်အောင်အတွက် လုပ်ငန်းမလုပ်ရရင် အစ်ကိုတို့မှာ စားဝတ်နေရေးက အကျပ်အတည်း ရိုက်လာတယ်။ မလိုလား အပ်တဲ့ နောက်ထပ်ပြဿနာတွေ ဆက်မတက်ချင်တော့လို့ အစ်ကိုတို့ အနေနဲ့ လုပ်ငန်းလေးတခု ရှာကြည့်လို့ တွေ့ရင် လုပ်ကွက်တကွက်ရအောင် အာဏာပိုင်တွေကို အတက်နိုင်ဆုံး ကူညီပေးနိုင်မလားဆိုပြီး တင်လိုက်တာပါ။”

မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ပြန်လည်ပြင်ဆင်တောင်းဆိုထားတဲ့ လုပ်ကွက်အသစ် တွေမှာ လုပ်ကိုင်ခွင့်ရမယ်လို့ မျှော်လင့်နေကြပြီး လုပ်ကိုင်ခွင့်မပေးပါက နောက်မဆုတ်ပဲ ဆက်လက် ဆန္ဒပြသွားမယ်လို့ ခုလိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ တုန်းကလဲ မိုးထိမိုးမိလုပ်သား ၁၀၀ ကျော်ခန့်ဟာ ရွှေမြင့်တင်သပိတ်စခန်းကနေ ရမည်းသင်းမြို့ထဲကို ဆင်းလာခဲ့ပြီး ရဲအင်အား ၁၀၀ ကျော်နဲ့ ရုန်းရင်းဆန်ဖြစ်ပွားကာ နှစ်ဘက်စလုံး ဒဏ်ရာရခဲ့ကြတာလဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013