Home
မြန်မာသတင်း
KNLA တပ်မဟာ ၁ နှင့် ဒေသခံ PDF တပ်ဖွဲ့များ ပူးပေါင်း
DVB
·
November 12, 2021

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့အတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၁ တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့(TPG)၊ သုဝဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TWPDF)၊ ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သထုံခရိုင်(PPDF)နဲ့ KNU-KNLA တပ်မဟာ ၁ တို့ဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။

ဒေသခံ PDF တွေနဲ့ ပူးပေါင်းမှုဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဦးတည်ချက် ၊ ရည်မှန်းချက် တူတဲ့အတွက်ကြောင့် ပေါင်းစည်းရတာလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က  ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ ဒေသခံ PDF တွေ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်အင်အားတိုးချဲ့တာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို ပြုလုပ်လာတဲ့အတွက်ကြောင့် KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉၅ ဦးသေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU တပ်မဟာ ၁ က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024