DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ကျဆင်း
DVB
·
November 12, 2021
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ကျဆင်း
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ စစ်တွေနဲ့ မောင်တော နယ်စပ်စခန်းတွေမှ တဆင့်နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ  လျော့နည်းကျဆင်းသွားတယ်လို့  စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၁၉- ၂၀၂၀   ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုက  စစ်တွေနဲ့ မောင်တော နယ်စပ်စခန်း နှစ်ခုပေါင်း  ပို့ကုန်တန်ဖိုး ဒေါ်လာ ၄၄၄ ဒသမ ၀၄၁  သန်း ၊ သွင်းကုန်တန်ဖိုး ၃၀၄ ဒသမ ၃၂၃  သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာ ၇၄၈ ဒသမ ၃၆၄ သန်း ရှိပါတယ်။

အခု ၂၀၂၀- ၂၀၂၁  ဘဏ္ဍာနှစ်မှာတော့  ဩဂုတ်လအထိ  နှစ်နိုင်ငံ ကုန်သွယ်မှု စစ်တွေနဲ့ မောင်တော နယ်စပ်စခန်း နှစ်ခုပေါင်း   ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၆ ဒသမ ၉၈  သန်း ၊ သွင်းကုန်တန်ဖိုး ၅၉၃ ဒသမ ၇၂၇  သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆၁၀ ဒသမ ၇၀၇ သန်း ရှိပါတယ်။ 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက် အထိ စစ်တွေနယ်စပ်စခန်းမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၅၈ သန်းနဲ့ သွင်းကုန်တန်ဖိုး ဒေါ်လာ သုည ဒသမ ၀၄ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း ဒေါ်လာ ၁ ဒသမ ၅၉ သန်း ရှိပါတယ်။ 

အလားတူ မောင်တောနယ်စပ်စခန်းမှ ပို့ကုန်တန်ဖိုး ဒေါ်လာ သုည ဒသမ  ၄၇ သန်းနဲ့ သွင်းကုန်တန်ဖိုး ဒေါ်လာ သုည ဒသမ ၀၈ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း ဒေါ်လာ သုည ဒသမ ၄၈ သန်း ရှိပါတယ်။

ဒါကြောင့် အဆိုပါ နယ်စပ်စခန်း ၂ခုမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ  ၀၆ သန်း နဲ့ သွင်းကုန်တန်ဖိုး ဒေါ်လာ သုည ဒသမ ၁၂ သန်း ရှိတာကြောင့် ကုန်သွယ်မှုပမာဏစုစုပေါင်း ဒေါ်လာ ၂ ဒသမ ၀၇ သန်း ရရှိခဲ့တာတွေ့ရပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား  ကုန်းလမ်းကနေရော ရေလမ်းကနေပါ  စစ်တွေနဲ့ မောင်တော နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်နေကြတာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်တဲ့ အဓိက ပစ္စည်းတွေကတော့ ငါးပုဇွန် ရေထွက်ကုန်ပစ္စည်းတွေ၊ ဆန်၊ မတ်ပဲ၊ မြေပဲ၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ သစ်၊ ဝါး၊ အေးခဲအစားအစာ၊ ဓာတုပစ္စည်း၊ လယ်သာ၊ ဆေးရွက်ကြီး၊ ပလပ်စတစ်ပစ္စည်း စတာတွေ ပါဝင်ပါတယ်။

ရေထွက်ကုန်နဲ့ ကုန်ခြောက်ပစ္စည်းတင်ပို့မှုက ပြီးခဲ့တဲ့ ရက်သတ္တပတ် ၄ ပတ်အတွင်းမှာ ပို့ကုန်ရဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ သန်းရရှိ ထားတယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်တယ်။

မောင်တောနဲ့ စစ်တွေ နယ်စပ်စခန်း ၂ ခုကို  မကြာသေးခင်ကမှ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် အခုလို ရက်သတ္တပတ် ၄ ပတ်အကြာမှာ ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ သန်းရရှိခဲ့တဲ့အနက် ရေထွက်ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁ သန်းရရှိထားတယ်လို့ ဆိုပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က ရေထွက်ပို့ကုန်အနေနဲ့ ငါးမြစ်ချင်းတွေကို အအေးခန်း မော်တော်ယာဉ်တွေနဲ့ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သယ်ဆောင်ပြီး အဒီကတဆင့် စက်လှေတွေနဲ့  ရွှေမင်းဂံဆိပ်ကမ်း (စစ်တွေ) နဲ့ ကညင်ချောင်းဆိပ်ကမ်း (မောင်တော)တို့ဆီ ကုန်စည်ပို့ဆောင်ကာ ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ရေထွက်ကုန်ပစ္စည်းတွေ ပို့ဆောင်ရာမှာ  အချိန်ကြာမြင့်မှုကြောင့် အရည်အသွေး အပေါ်ထိခိုက်မှုရှိလာလို့ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ တက်ကနက်ဖ်ဆိပ်ကမ်းမြို့အထိ တိုက်ရိုက်တင်ပို့ရောင်းချနိုင်တဲ့စနစ်သစ်ကို မကြာမီ အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013