DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ပျူစောထီးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး အသတ်ခံရ
DVB
·
November 12, 2021
စစ်ကိုင်းတိုင်းတွင် ပျူစောထီးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ခင်ဦးနဲ့မုံရွာမြို့တို့မှာ စစ်ကောင်စီသတင်းပေး ပျူစောထီး နှစ်ဦးနဲ့  အမျိုးသမီးတစ်ဦးတို့ အသတ်ခံရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာနဲ့ ငါးတင်းကြီးကျေးရွာတို့က စစ်ကောင်စီ သတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးကို နိုဝင်ဘာလ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့ ညပိုင်းတွေမှာ King Cobra-Khin သုတ်သင်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ဝင်တစ်ဦးက “သေဆုံးသွားတဲ့ လောင်းရှည်က စကစ သတင်းပေး လက်နက်ကိုင် ပျူစောထီးဆီက လက်နက်တွေပါ ရခဲ့တယ်။ ငါးတင်းကြီးရွာသားကတော့ စကစ သတင်းပေးတယ်။ ပျူစောထီး အဖွဲ့ဝင် ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေဟာ လောင်းရှည်ကျေးရွာက အသက် ၄၀ အရွယ် ဦးတင်မောင်စန်းနဲ့ ငါးတင်းကြီးကျေးရွာက ၃၅ နှစ်အရွယ် ဦးရွှေမင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်မှာ ပျူစောထီးနဲ့သတင်းပေး ဒလန်တွေကြောင့် စစ်ကောင်စီတပ်တွေက ကျေးရွာ အချို့ကို မီးရှို့တာ၊ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့  ဒေသခံတွေကပြောပါတယ်။

မုံရွာမြို့ သလ္လာအမှတ်(၉)ရပ်ကွက် ကျန်စစ်သားလမ်း၊ ရတနာစိန်ပန်းကျောင်းအနီးမှာ ၂ လုံး၊ ၃ လုံး ရောင်းတဲ့ အမျိုးသမီးတစ်ယောက် နိုဝင်ဘာ ၁၂ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မသဇင်ဆိုသူ အမျိုးသမီးဟာ ဒီနေ့ ၉ နာရီဝန်းကျင်မှာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရတာဖြစ်ပြီး သူဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ဆက်စပ်နေသူ ဖြစ်သလို ၂ လုံး၊ ၃ လုံး ရောင်းချနေတာလို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့စည်းက လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

အခင်းဖြစ်ပွားခဲ့တဲ့နေရာကို အရပ်ဝတ်စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013