DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအခြေစိုက် ဒီဗွီဘီ CJသတင်းထောက် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
DVB
·
November 12, 2021
မကွေးတိုင်းအခြေစိုက် ဒီဗွီဘီ CJသတင်းထောက် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
Donate to DVB

မကွေးတိုင်းအခြေစိုက် ဒီဗွီဘီ CJ သတင်းထောက် ကိုမင်းထီးကို လူအုပ်စုတစုက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့  ကာယကံရှင်က ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက် ၁၁ နာရီလောက်က  အကြမ်းဖက်စစ်အုပ်စုဘက်ကနေ  အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီးတော့ ဆဲဆိုကြိမ်းမောင်းခဲ့တာလို့  ကိုမင်းထီးက ပြောပါတယ်။

“Mytel ဖုန်းနံပါတ်နဲ့ ဖုန်းဆက်လာတယ်။ ကျနော်က သတင်းလုပ်ငန်းလုပ်နေတာဆိုတော့ သတင်းကိစ္စပဲထင်လို့ ဖုန်းကိုင်လိုက်တာပေါ့။ ဖုန်းကိုင်ကိုင်ချင်းပဲ တရပ်စပ်ဆဲတာ။ မင်းမျက်နှာကိုလည်း ၈ စိပ်ခွဲပစ်မယ်ဘာညာပေါ့နော်။ အဲလို ဆဲပြီးတော့ ခြိမ်းခြောက်တယ်ဗျာ။ ခြိမ်းခြောက်ပြီးတော့ ကျနော်ဖုန်းနဲ့မပြောချင်တာနဲ့ ဖုန်းနံပါတ်ကို ဘလော့လိုက်တယ်။ ပြီးတဲ့အခါကျတော့ မက်ဆေ့လာပို့တယ်။ Message ကနေ"(-)စုကြည် ထမီခြုံ၊ မင်းမိသားစုသေရင် မုန့်ဟင်းခါးကျွေးမလား ဆန်ပြုတ်ကျွေးမလား စဥ်းစားထား ခွေးထီး ဆိုပြီး စာရေးပြီးတော့ပို့တယ်။ ည ၉ နာရီကျော်မှာလည်း နောက်ထပ် ဖုန်းနံပါတ်နဲ့  ထမင်း ဝအောင်စားထား မင်းထီးဆိုပြီး ပို့လာတယ်။ ပြီးတော့ မိသားစုတွေကိုပါ ခြိမ်းခြောက်တာပေါ့နော်။ ”

ဒါ့အပြင် "စစ်အုပ်စုတွေက ကိုမင်းထီးကို သွားဝိုင်းဖို့လုပ်နေတယ်။ ကိုမင်းထီးတနေရာ ရှောင်နေပါ"ဆိုပြီး မြိုင်မြို့နယ်ဘက်ကတယောက်က  ဖုန်းဆက် သတိပေးလာတာရှိတယ်လို့လည်း ပြောပါတယ်။ 

အလားတူ သာကီသွေး လူမှုကွန်ရက်ကနေ  ကိုမင်းထီးကို မြိုင်မြို့နယ်  PDF  ခေါင်းဆောင်လို့စွပ်စွဲ ရေသားထားသလို  မြိုင်မြို့နယ်မှာ အကြမ်းဖက် လူသတ်မှုတွေ   စေခိုင်းသူလို့လည်း စွပ်စွဲ ရေးသားထားပါတယ်။

ဒါနဲ့  ပတ်သက်ပြီး သတင်းထောက်ကိုမင်းထီးက “ တင်ထားတဲ့စာနဲ့ ဖြစ်စဉ်က ကျနော်က ဆက်စပ်မှုမရှိဘူးလေဗျာ။ ကျနော်က မီဒီယာလုပ်ငန်း၊ မီဒီယာ အလုပ်ပဲလုပ်တာ။ ကျနော် PDF ခေါင်းဆောင်ဆိုပြီး သူက စွပ်စွဲထားတာ။ ကျနော်က PDF ခေါင်းဆောင်မှမဟုတ်တာ။ ကျနော်က သတင်းသမား၊ သတင်းအလုပ်ပဲ လုပ်တာ။ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စလေ”လို့ ပြောပါတယ်။

သူ့ကိုအခုလို ခြိမ်းခြောက်တဲ့အတွက် ဘေးကင်းရာကိုရှောင်နေရပြီး မိသားစုအတွက် စိုးရိမ်ပူပန်ကြောင်းလည်း ပြောပါတယ်။

ဒီဗွီဘီသတင်းထောက်တွေအပါအဝင်  မြန်မာနိုင်ငံအတွင်းက သတင်းသမားအတော် များများ သတင်းအလုပ်လုပ်ကိုင်ရင်း ဖမ်းဆီးထောင်ချခံရ၊ ဖမ်းဝရမ်းထုတ်ခံရတာနဲ့  ခြိမ်းခြောက်ခံရတာတွေနဲ့  ကြုံတွေ့နေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး အဖမ်းခံရတဲ့ သတင်းသမား ပေါင်း  ၁၁၀ ရှိပြီး ပြန်လွတ်သူ အယောက်  ၇၀ လောက်ရှိကာ လက်ရှိ အကျဉ်းထောင်အသီးသီးမှာ   ၃၈ ယောက်အဖမ်းခံနေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013