DVB Logo
Home
မြန်မာသတင်း
မန္တလေးဈေးကွက်တွင် မြေပဲဆီဈေးနှုန်း ကျဆင်းလာ
DVB
·
November 12, 2021
မန္တလေးဈေးကွက်တွင် မြေပဲဆီဈေးနှုန်း ကျဆင်းလာ
Donate to DVB

မန္တလေးဈေးကွက်မှာ မြေပဲဈေးနှုန်း ကျဆင်းတာကြောင့် မနှစ်က ကာလတူအချိန်နဲ့ယှဉ်ရင် ပြည်တွင်းထုတ် မြေပဲဆီဈေးနှုန်း ကျဆင်းလာတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မနှစ်က ကာလတူအချိန်က ပဲဆီတစ်ပိသာကို ငွေကျပ် ၈၅၀၀ ဈေးရှိခဲ့ပေမယ့် အခု အချိန်မှာတော့ တစ်ပိသာကို ၆၀၀၀ ကျပ် ဝန်းကျင်မှာရှိနေပါတယ်။

“ပဲဆီကတော့ ကျနော်တို့ ဈေးကျတယ်၊ ပြီးခဲ့တဲ့ ကာလတူအချိန်မှာ ပဲဆီတစ်ပိဿာကို ၈၅၀၀ ဈေးဖြစ်တယ်။ နိုဝင်လာဆန်းမှာ အခုလို ကျဆင်းသွားတာကတော့ အခု မြေပဲဆန်တွေ လှိုင်လှိုင်ပေါ်နေတယ်။ မန္တလေးဈေးကွက်ထဲမှာ အထွက်နှုန်းကလည်း ကောင်းတယ်။ ကောင်းတဲ့အတွက်ကြောင့်မို့လို့ ဝင်ရောက်တဲ့အားကလည်း တနှစ်ထက်တနှစ် များပြားနေတယ်။ မြေပဲဆီကတော့ တပိဿာကို ၅၅၀၀ နဲ့ ၆၀၀၀ ဈေးရှိတယ်။ ပြည်ပက တင်သွင်တဲ့ စားအုန်းဆီနဲ့ ပြည်တွင်းမှာရှိတဲ့ ပဲဆီဈေးက ဈေးချင်းယှဉ်လိုက် ရတယ်” လို့ မန္တလေး ဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

မြေပဲလုံးဆန် ဈေးနှုန်းဟာ နိုဝင်ဘာ ၁၁ ရက်နေ့ပေါက်ဈေးအရ တစ်ပိဿာကို ၂၇၀၀ နဲ့ ၂၃၀၀ ကြား၊ အနီလုံးဆန်က ၂၇၅၀ နဲ့ ၂၉၀၀ ကြားမှာ ရှိတယ်လို့ ဆိုပါတယ်။

အရင်က စားအုန်းဆီ ဈေးနှုန်း ကျဆင်းခဲ့တာကြောင့် ရပ်နားထားခဲ့ရတဲ့ ဆီစက်တွေလည်း ပြန်လည်တာ များလာတယ်လို့ ဆီစက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“မြေပဲဆန်ဈေးက ကျတော့ ဆီဈေးပါ လိုက်ကျတာပေါ့၊ မြေပဲဆီဈေးပေါ့။ စားအုန်းဆီဈေးက တစ်ပိသာကို ၄၅၀၀ နဲ့ ၅၀၀၀ ကြားမှာရှိနေတယ်၊ မြေပဲဆီဈေးနဲ့ သိပ်မကွာတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မြေပဲဆီကိုပဲ စားသုံးမှု ပိုများလာတယ်။ အရင်က စားအုန်းဆီဈေးတွေ တစ်ပိသာကို ၁၆၀၀ လောက်ရှိတုန်းက မြေပဲဆီဈေးက ၈၀၀၀ ကျော်ဈေးရှိခဲ့တာဆိုတော့ စားအုန်းဆီအသုံးများပြီးတော့ ဆီစက်တွေ ရပ်နားခဲ့ရတာတွေ အများကြီးရှိတယ်၊ အခု အဲ့ဒီစက်တွေ ပြန်လည်ပတ်နေရတာတွေ များလာတယ်။” 

 ယူအက်စ်ဒီအေရဲ့ ကမ္ဘာပေါ်ရှိ လူအများရဲ့ စားသုံးဆီစစ်တမ်းမှာ စားအုန်းဆီနဲ့ ပဲပတ်ဆီနှစ်မျိုးကို ကမ္ဘာ့လူဦးရေရဲ့ ၈၂.၅၉ ရာခိုင်နှုန်းက စားသုံး ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013