DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားကြရန် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ကြေညာ
DVB
·
November 12, 2021
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားကြရန် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ကြေညာ
Donate to DVB

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတွေကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ကနေစပြီး လျှောက်ထားရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် ကျောင်းတွေမဖွင့်သေးဘဲ ယာယီပိတ်ထားတဲ့ မြို့နယ် ၄၆ မြို့နယ်က ကျောင်းသူ ကျောင်းသားတွေအတွက် လျှောက်လွှာရောင်းတာနဲ့ ပြန်ပေးပို့တာကို သတ်မှတ်ရက် တိုးမြှင့် ပေးမယ်လို့လည်း စာစစ်ဦးစီးဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။

သတ်မှတ်ထားတဲ့ ရက်တွေမှာ အချိန်မီ မပေးပို့တဲ့သူတွေဟာ စာမေးပွဲဖြေခွင့်ရမှာ . မဟုတ်သလို တင်သွင်းတဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနဲ့ ဖြေဆိုခွင့် ကတ်ပြားမှာ ဖော်ပြပါရှိတဲ့ ဘာသာတွဲကနေ တခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့် မပြုဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့  စစ်အာဏာသိမ်းထားတဲ့ အခြေအနေတွေကြောင့် လအတန်ကြာ ကျောင်းတွေပိတ်ထားခဲ့ရတာပါ။  အခု နိုဝင်ဘာ ၁ ရက်နေ့ကမှ  စစ်ကောင်စီက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပေမဲ့ နိုင်ငံတဝန်း ကျောင်းတွေ ခုအချိန်အထိ ပုံမှန် ပြန်ဖွင့် နိုင်ခြင်းမရှိသေးပါဘူး။ 

ဒီအခြေအနေမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေဖြေဆိုဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ အပေါ်  ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က ကျောင်းသားမိဘတယောက်က “ဘာစာတွေသင်ထားလို့ ဘာစာကို ဖြေရမှာလဲ။ သင်ထားတာက ဘယ်နှစ်လရှိမှာ မို့လို့လဲ။ အတန်းတက်ချင်တဲ့ မိဘတွေကတော့ ဖြေခိုင်းမှာပေါ့။ ဒါပေမဲ့ အကုန်ဘယ်နေရာမှာ မလုံခြုံတာလေ။ နောက်ပြီးတော့ .. ဒီကြားကာလမှာ ဖြေတယ်ပဲထား။ NUG အစိုးရ တက်လာရင်ကော အဲဒါကို အတည်ယူမှာလား။ ဒီစာမေးပွဲအောင်တယ်ဆိုရင်ကော နိုင်ငံခြားတိုင်းပြည်တွေက ဒါကို လက်ခံပါ့မလား” လို့ ပြောပါတယ်။

အလားတူ ကလောမြို့နယ်က ကျောင်းသားမိဘတယောက်ကလည်း  “ကလေးတွေက ဘာတွေသင်ထားလို့ ဘာတွေဖြေရမှာလဲ။ ကိုဗစ်ကြောင့် နိုင်ငံရေးကြောင့် ကျောင်းတွေပိတ်ထားတာ နှစ်ဝက်ကျော်လာပြီလေ။  ဒီအချိန်ကျမှ ကျောင်းတွေဇွတ်ဖွင့် ဘာညာတွေလုပ်လို့  ဘာထူးမှာလဲ” လို့ ပြောပါတယ်။

စစ်ကောင်စီပညာရေးဌာနကတော့ အခြေခံပညာအထက်တန်းကျောင်းတွေ၊ ကျောင်းခွဲတွေတွဲဖက်ကျောင်းတွေနဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်းတွေက လျှောက်လွှာတင်သွင်းမဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဖြေဆိုခွင့် လျှောက်လွှာတစောင်ကို ၂၀ဝ ကျပ်နဲ့ စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းတွေ ဝယ်ယူပြီး လျှောက်လွှာတစောင်မှာ တံဆိပ်ခေါင်းတခုကပ်ပြီးနောက် ကျောင်းအုပ်ကြီးတွေက လျှောက်လွှာတွေကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဆီကို သတ်မှတ်ရက်အတွင်း စုပေါင်း ပေးပို့ကြဖို့ နှိုးဆော်ထားပါတယ်။

ပြင်ပကနေ ဖြေဆိုဖို့ လျှောက်လွှာတင်သွင်းသူတွေကတော့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ ဝယ်ယူ ဖြည့်စွက်ပြီး အဲဒီရုံးမှာပဲ ပြန် တင်သွင်းရမှာပါ။ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာမှာ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) ဖြေဆိုမဲ့ သူတွေအတွက် အစိမ်းရောင် ဖြေဆိုခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံ၊ ဘာသာတွဲ အမှတ်စဉ် (၂)၊(၃)၊(၄) ဖြေဆိုမဲ့သူတွေအတွက် ပန်းရောင် ဖြေဆိုခွင့် လျှောက်လွှာနဲ့ ကတ်ပြားပုံစံနဲ့ တင်သွင်းဖို့ ခွဲခြားသတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013