DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ အယောက် ၈၀ ကို နိုင်ငံ့သစ္စာဖောက်စာရင်း သွင်း
DVB
·
November 12, 2021
စစ်ကောင်စီဩဇာခံ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ အယောက် ၈၀ ကို နိုင်ငံ့သစ္စာဖောက်စာရင်း သွင်း
1 / 5
Donate to DVB

စစ်ကောင်စီဩဇာခံ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်းအကြီးအကဲအယောက် ၈၀ ကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၁၂ ရက် ရက်စွဲနဲ့  ကြေညာပါတယ်။

အဆိုပါထုတ်ပြန်ချက်ကိုတော့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး တရားမဝင်အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ တရားစွဲဆိုတာ၊ ဉပဒေနဲ့အညီ ပြန်ဆပ်ဖို့ မလိုတော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်ဆပ်ခိုင်းတာတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ဖော်ပြပါ ဝန်ထမ်းတွေကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသက်ဆွေအပါအဝင် ညွှန်ကြားရေးမှူး/စာတည်းမှူးချုပ်တွေ၊ ဒုညွှန်ကြားရေး မှူး/ စာတည်းမှူးတွေ၊ မန်နေဂျာတွေ၊ လက်ထောက်မန်နေဂျာ/စာတည်းတွေအထိ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၂၅၀ ကျော်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၀,၀၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013