DVB Logo
Home
မြန်မာသတင်း
လာအိုနိုင်ငံသို့ တရားမဝင်အလုပ်သွားလုပ်သည့် မြန်မာလုပ်သားများ စက်လှေမှောက်ပြီး ၃ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံး
DVB
·
November 12, 2021
လာအိုနိုင်ငံသို့ တရားမဝင်အလုပ်သွားလုပ်သည့် မြန်မာလုပ်သားများ စက်လှေမှောက်ပြီး ၃ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံး
1 / 6
Donate to DVB

လာအိုနိုင်ငံကို တရားမဝင်အလုပ်သွားလုပ်မယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေလိုက်ပါလာတဲ့ စက်လှေ တစ်စီး ပြီးခဲ့တဲ့ရက်ပိုင်းက တာချီလိတ်ခရိုင် မဲခေါင်မြစ်အတွင်း မတော်တဆ တိမ်းမှောက်သွားပြီး  ၃ ဦးသေဆုံးကာ ၄ ဦးပျောက်ဆုံးနေပါတယ်။ 

တာချီလိတ်ခရိုင်၊ မိုင်းဖုံး (က) အုပ်စု၊ ဝမ်ပုံဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စက်လှေမှောက်ပြီး ပျောက်ဆုံးနေသူတွေထဲက  အလောင်း ၂ လောင်းတွေ့ရှိထားကြောင်း သက်ဆိုင်ရာ တာ ဝန်ရှိသူတွေက နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက အကြောင်းကြားလာတဲ့အတွက်  အလောင်းကိုသွားရောက်သယ်ဆောင်ပြီး ကောင်းစွာသင်္ဂြိုဟ်ပေးခဲ့တယ်လို့ တာချီလိတ်နာရေးကူ ညီမှု အသင်းဥက္ကဋ္ဌ ဒေါ်ညိုဌေးက ဒီဗွီဘီကို ပြောပါတယ်။ 

“တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေရော ပျောက်ဆုံးသူရဲ့မိဘဆွေမျိုးတွေကပါ အကူအညီတောင်း လာတဲ့အတွက် ကျမတို့အဖွဲ့ဝင်တွေချက်ချင်းလိုက်သွားပါတယ်။ ဝမ်ပုံဆိပ်ကမ်းကို ညနေ ၄ နာရီ လောက်ရောက်တယ်။ ကျမတို့ရောက်သွားတော့ တာဝန်ရှိသူတွေက အလောင်းကို ဆယ် ထားပြီးပြီ။ အမျိုးသား ၁ ယောက် ၊ အမျိုးသမီး ၁ ယောက်ပါ။ အလောင်းကပုပ်ပွနေပြီ၊ အနံ့မထွက်အောင် နည်းစနစ်နဲ့ပါကင်အိတ်တွေနဲ့ သေချာထုတ်ပိုးပြီး တာချီလိတ်ကိုသယ်လာပါတယ်။ ရဲစခန်းကစစ်ဆေးပြီး သင်္ဂြိုလ်ခွင့်ရတာနဲ့  ည ၇ နာရီကျော် မြို့မပုံလို့သုသာန်မှာ ကောင်း စွာမီးသင်္ဂြိုလ်ပေးခဲ့ပါတယ်ရှင့်။”

မနေ့ကမီးသင်္ဂြိုလ်လိုက်တဲ့ သေဆုံးသွားသူတွေကတော့ မန္တလေးတိုင်း မိထ္ထီလာမြို့နယ် ကန်ကြီးရွာက  ကိုမောင်မောင်( ၂၈ နှစ် ) နဲ့ မကွေးတိုင်း မြို့သစ်မြို့နယ် မကျီးထူးရွာမှ မခင်နွေလင်း ( ၃၁ နှစ် ) တို့ဖြစ်ပြီး ဒီမတိုင်ခင်က တာဝန်ရှိရဲတွေက အသက် ၁၈ နှစ်ရွယ် မိန်းကလေးအလောင်း ၁ လောင်းကိုရထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ် နောက်ထပ် ၄ ဦးပျောက်ဆုံးနေကြောင်း ၊ လာအိုဘက်ကမ်းကတော့ အ မည်မသိအလောင်းတွေ တွေ့ထားတယ်လို့ပြောပေမယ့် ဘယ်သူဘယ်ဝါဆိုတာတော့ အတည်ပြုပြီး မှ သိရမယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းစာတွေမှာတော့ တာချီလိတ်မြို့နယ် လွန်းကျိုင်းလှေဆိပ်မှ လာအိုနိုင်ငံ ဘွန်ခမ်းဆိပ်ကမ်းသို့တရားမဝင်သွားရောက်တဲ့ လူ ၁၉ ဦး လိုက်ပါသွားတဲ့ စက်လှေတစ်စင်းဟာ နိုဝင်ဘာ ၉ ရက် မနက် ၂ နာရီခွဲက မဲခေါင်မြစ်ထဲန စ်မြှုပ်သွားကြောင်း ဖော်ပြထားပါတယ်။

မြန်မာရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ အခင်းဖြစ်တဲ့နေရာမှာ အမျိုးသမီးအလောင်း ၁ လောင်းကိုတွေ့ပြီး အနီးရှိတောထဲကနေ ၁၁ ဦးရှာဖွေတွေ့ရှိကြောင်း၊ ကျန် ၇ ဦးမှာ တောထဲထွက်ပြေးနေလို့ လိုက်လံရှာ ဖွေဖမ်းဆီးနေပြီး တရားမဝင်လူတင်ပို့တဲ့တရားခံ ဖမ်းဆီး ရရှိနိုင်ရေးကိုလည်း စုံစမ်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့်  စီးပွားရေးကျဆင်း၊ အလုပ်အကိုင်ရှားပါကာ  ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို နေ့စဉ်ရာနဲ့ချီ သွားရောက်နေကြတာမှာ အဖမ်းခံရတာ ၊ မတော်တဆ ယာဉ်မှောက်မှု၊ စက်လှေမှောက်မှုတွေနဲ့လည်း ကြုံတွေ့နေရတာပါ။ 

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013