DVB Logo
Home
မြန်မာသတင်း
ဗန်းမော်သုသာန်၌ မကျွတ်လွတ်သေးသူများအတွက် အမျှအတန်းပေးဝေပွဲ ပထမဆုံးအကြိမ်ပြုလုပ်
DVB
·
November 12, 2021
ဗန်းမော်သုသာန်၌ မကျွတ်လွတ်သေးသူများအတွက် အမျှအတန်းပေးဝေပွဲ ပထမဆုံးအကြိမ်ပြုလုပ်
1 / 14
Donate to DVB

ကိုဗစ်ရောဂါကပ်ဘေးကာလအတွင်း  ကွယ်လွန်သွားခဲ့ကြသူတွေနဲ့ မကျွတ်လွတ်ကြသေးသူတွေအတွက် အကျွတ်လွတ်အမျှအတန်းပေးဝေပွဲကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဟန်းတဲရပ်ရှိ ကြက်ပေါင်ခြံဘာသာပေါင်းစုံသုသာန်မှာ  နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက  ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်။

ပညာတံခွန် ဆရာတော်ဘုရားနှင့် ဗန်းမော်မြို့ခံ လူငယ်တွေက ဦးဆောင်ကာ မနေ့ ညနေ ၄ နာရီလောက်နေ  ည ၈ နာရီလောက်အထိ  သံဃာ ၁၅ ပါး၊ လူဦးရေ ၁၀၀ ကျော်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဆရာတော်ဘုရားက “ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ဗန်းမော်မြို့နယ်နဲ့ တခြားမြို့နယ်တွေက ကိုဗစ်ကာလအတွင်း သေဆုံးကြရတဲ့သူတွေတော်တော်များများ သရဏဂုံ မတင်လိုက်ကြရသူတွေအတွက်ကော၊ မကျွတ်လွတ်ကြသေးတဲ့ ဝေမာနိကပြိတ္တာတွေ၊ ကောင်းရာဘုံရာရောက်ရှိစေဖို့ လူငယ်တချို့လာလျှောက်တယ်၊ ဘုန်းကြီးလည်း ဗုဒ္ဓဘာသာတရားတော်မှာလည်း ပြုလုပ်ကောင်းတာကို ညွှန်ပြတာဖြစ်တဲ့အတွက ဗန်းမော်မြို့သူမြို့သားတွေနဲ့ တိုင်ပင်ပြီးစုပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်၊ နောက်နှစ်လည်းအခွင့် အခါသင့်ရင် ပြန်လည်ပြုလုပ်သွားဖို့ရှိတယ်” လို့ မိန့်ပါတယ်။

တခြားဘာသာဝင်တွေအတွက်ကိုရော ကုသိုလ်ပြုဆုတောင်းအမျှဝေပေးခဲပြီး အခုလိုပြုလုပ်တော့ သုသာန်လည်း သန့်ရှင်းသွားသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်းကင်းဝေးသွားလို့ အားလုံး ကူညီကြတာကျေးဇူးတင်ပါတယ်လို့  ပညာတံခွန်ဆရာတော်က မိန့်ပါတယ်။

ဒီပွဲမှာပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးက “ကျမက ဘာသာခြားတယောက် ဖြစ်ပေမဲ့  ဗုဒ္ဓဘာသာမိတ်ဆွေတွေနဲ့ လုပ်အားဒါနတွေကူခဲ့တယ်။ ကွယ်လွန်သူတွေအတွက် ကောင်းတာပြုလုပ်ပေးကြတာဖြစ်လို့ ကောင်းမွန်တဲ့ဘုံဘဝတွေ ရရှိကြမယ်လို့ ကျမ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

အကျွတ်လွတ်ပွဲအတွက် နိုဝင်ဘာ ၇ ရက်နေ့ကတည်းက  ဗန်းမော်မြို့သူမြို့သားတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ ဘကကျောင်းက သံဃာတွေနဲ့ ကျောင်းသားတွေဟာ သုသာန်အတွင်း သန့်ရှင်းရေးပြုလုပ်၊ အုတ်ဂူတွေဆေးသုတ်၊ ထုံးသုတ်တာတွေကို ကြိုတင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013