DVB Logo
Home
Lead Story
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေသစ် မေလတွင် လွှတ်တော် တင်မည်
DVB
·
January 9, 2014
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေသစ် မေလတွင် လွှတ်တော် တင်မည်
Donate to DVB

လက်ရှိ ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေဟာ ခေတ်နဲ့ လိုက်လျော ညီထွေမှု မရှိတော့တာကြောင့် အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) ရဲ့ အကူအညီနဲ့ ဥပဒေ အသစ် တခု ရေးဆွဲနေပြီး လာမယ့် ၂၀၁၄ ခုနှစ် မေလရောက်ရင် လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူသွားမယ်လို့ ဒီနေ့မှာ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ADB Bank မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို ခေတ်နဲ့အညီ ဖြစ်လာစေဖို့ အစိုးရဟာ အေဒီဘီနဲ့ ပူးပေါင်းပြီး ၂၀၁၂ အောက်တိုဘာကတည်းက ဥပဒေ အသစ်တရပ်ကို ပူးပေါင်းရေးဆွဲနေတာ ဖြစ်ပါတယ်။

ဒီ ဥပဒေမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေအတွက် အထောက်အကူ ဖြစ်စေမယ့် ပြဌာန်းချက်တွေ ထည့်သွင်းသွားမယ့်အပြင် ကုမ္ပဏီ မှတ်ပုံတင်ခြင်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို အဆင်ပြေပြေ လုပ်နိုင်တဲ့ နိုင်ငံတကာ အဆင့်မီ ဥပဒေတရပ် ဖြစ်စေမယ်လို့ ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲရေး ဆပ်ကော်မတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013