DVB Logo
Home
Lead Story
၂၀၁၄ ရင်းနှီးမြှုပ်နှံမှု တိုးတက်မည့် နိုင်ငံစာရင်းတွင် မြန်မာပါဝင်
DVB
·
January 9, 2014
၂၀၁၄ ရင်းနှီးမြှုပ်နှံမှု တိုးတက်မည့် နိုင်ငံစာရင်းတွင် မြန်မာပါဝင်
1 / 2
Donate to DVB

မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အလျင်မြန်ဆုံးနဲ့ အတိုးတက်ဆုံး ၀င်ရောက်ဖို့ အလားအလာအကောင်းဆုံး နိုင်ငံစာရင်းထဲမှာ ပါလာတယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို စောင့်ကြည့်နေတဲ့ Maplecroft အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

water_security_map၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အဲဒီ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ စီးပွားရေး ၀င်ရောက်လုပ်ကိုင်ဖို့ စိတ်မချရဆုံး စာရင်းထဲမှာ အဆင့် ၅ နေရာ ရောက်နေသေးပေမယ့် ၂၀၁၃ ခုနှစ် လောက်မှာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားတာကို ဖယ်ရှားပေးခဲ့တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖွင့်ပေးတာ၊ နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို အရှိန်မြှင့် လုပ်ကိုင်ဆောင်ရွက်လာတာကြောင့် ခုလို ရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်ဖွယ်ရှိတဲ့စာရင်းထဲ ထည့်ရတာလို့ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်လုပ်ငန်း ၁၂၀ ကျော်အတွက် စုစုပေါင်း ဒေါ်လာ ၄၅ ဘီလျံကျော်ဖိုး ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့်တွေ ထုတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013